Episode 10

265 8 0
                                    

. Unicode
.
.
.
.
.

'' လာပြီလား...ဒီရက်တွေမှာဘယ်ရောက်
နေတာလဲ ''

'' .... ''

လှိုင်းသူ့အရှေ့က အရပ်ရှည်ရှည်
အသားဖြူဖြူနှင့်နှာတံကလည်းရှည်စင်းပြီး နှာခေါင်းထိပ်နားလေးမှာအနက်ရောင်မှည့်
သေးသေးလေးရှိပြီး သူ၏ခါးလောက်ရှိသော
ဆံပင်ရှည်တွေကိုအရောင်ခဏခဏ
ပြောင်းတတ်သည့် မိန်းကလေးတစ်ယောက်
ထက်ပိုတဲ့အလှတရားတွေပိုင်ဆိုင်ထားတဲ့
လူကိုသေချာစိုက်ကြည့်နေမိရင်း သူ့(မီကိုးလ်)
ရဲ့စကားကိုပင်ပြန်မဖြေဖြစ်ပေ။

အချစ်ဦးပါ...ဒီလိုလှပတဲ့ လူတစ်ယောက်က
လှိုင်းအတွက် ပထမဆုံးဆိုတဲ့ အချစ်ပါ
အခုအချိန်မှာ ဒီလိုတွေဖြစ်နေပြီဆိုပေမယ့်
လည်းပေါ့......

'' ခေါင်းဆောင်ခိုင်းထားတာရှိလို့
တစ်နေရာမှာရောက်နေခဲ့တာပါ အခုဒီကို
လာတာက ငါ့ရဲ့ပစ္စည်းတွေလာသိမ်းတာ ''

'' ဟင် ''

ဆွံ့အနေတဲ့သူကတော့ 7ရက်လုံးစိတ်ကို
အနားပေးဖို့ ခရီးထွက်စေခဲ့တဲ့ မီကိုးလ်ပဲ
ဖြစ်၏။

ပုံမှန်အတိုင်းဆို ဒီအတိုင်း စိတ်ခံစားလွယ်နေတဲ့
သူ့အချစ်လေးက စိတ်အနည်းငယ်ပေါ့ပါးသွားရင် စိတ်ပြောင်းနေကျမဟုတ်ဘူးလား။

အခန်းထဲရှိပစ္စည်းတွေအားလုံးကို
ထုပ်ပိုးနေသည်အထိဘယ်လိုဖြစ်ပြီး
ခွဲနေဖို့အထိပါ တွေးလာရသတဲ့လဲ။

'' ငါတို့.....လမ်းခွဲရအောင် ''

ဘယ်ကနေမှားမိခဲ့မှန်းမသိပေမယ့်
သူ့အချစ်လေးဟာသူ့ကိုတကယ်ပဲ
လက်လျှော့လိုက်ပြီတဲ့လား။

မဖြစ်နိုင်တာ။

ဒီအတိုင်း....မီကိုးလ် နားကြားမှားနေတာ
မဟုတ်ဘူးလား။

'' အချစ်....ကိုယ့်ကိုနောက်နေတာမဟုတ်လား
ကိုယ်ခံစားနေတာမြင်ချင်လို့ဒီလိုလုပ်နေတာ
မလား....ညာနေတာမလား...မင်းကိုယ့်ကို
ချစ်တယ်မလား ''

'' ချစ်တယ်....ချစ်တာပေါ့...ဒါပေမယ့်လည်း
ငါတို့လမ်းခွဲရအောင်..ဒါမှမဟုတ် ငါတို့
ပထမဆုံးတွေ့ဆုံတဲ့အချိန်ကိုပြန်သွားရအောင်
ငါပြောချင်တာကဒီအတိုင်း  ငါတို့ရှေ့ဆက်ပြီး
တွေ့နေကြဦးမှာပဲဆိုတော့ သူငယ်ချင်း
ဒါမှမဟုတ် မိတ်ဆွေပဲလုပ်ကြရအောင် ''

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now