Episode 21( Chapter 2)

112 4 0
                                    

Unicode
.
.
.
.
.
.

အတိတ် 2022 #######

လွန်ခဲ့သော 17 နှစ် ######

နိုင်ငံရေးက မတည်မငြိမ်ဖြစ်မှုကြောင့်
လက်နက်ရောင်း၀ယ်မှုတွေလုပ်ကိုင်နေသော
Block ဂိုဏ်းသည်နိုင်ငံရေးသမားတွေ
ကြားထဲတွင်စီးပွားရေးလုပ်ရသည်မှာ
တရား၀င်သဘောဖြင့်ပင် ဖြတ်သန်းလို့ရ
နေသဖြင့် ၀င်ငွေကအတော်လေး
တွက်ချေကိုက်လှသည်။

တရားမ၀င်လုပ်ငန်းသေးသေးလေးမှ
သုံးနှစ်အတွင်း ပြင်သစ်မှခေါ်လာသော
အိုင်ကျူ270ရှိသည့် ပစ်မှုမှတ်တမ်းရှိသူ
အင်ဂျင်နီယာကျောင်းသားနှစ်ယောက်နှင့် ထက်မြက်သောဂိုဏ်းခေါင်းဆောင်၏
တီထွင်အားကောင်းမှုကြောင့်ပြည်ပ
တင်ပို့မှုတွေအထိရှိလာပြီး ပြည်တွင်း
ပြည်ပ၀င်ငွေကတစ်နှစ်ထက်
တစ်နှစ်သိသိသာသာကိုတိုးလာသည်။

အထူးသဖြင့် အလဲအလှယ်
စီးပွားရေးကပို၍တွက်ချေကိုက်သည်။
မိမိတို့၏လက်နက်အသစ်တွေအား
အင်ဒိုနီးရှားနယ်စပ်တွင် ‌တန်ဖိုးကြီး
ရှေးဟောင်းပစ္စည်းများနှင့်
အလဲအလှယ်လုပ်ပြီးထိုပစ္စည်းများ
ကိုတော့တရုတ်နယ်စပ်တွင်မူးယစ်ဆေး
အသစ်တချို့နှင့်ထပ်မံလှဲလှယ်သည်။
ထိုမူးယစ်ဆေးတွေအား ထိုင်းဘက်သို့
ငွေသားနှင့်တိုက်ရိုက်ပေးချေခြင်းဖြင့်
နှစ်ဆပို၍မြတ်လာသည်။

“ ခေါင်းဆောင်....ထိုင်းတွေကတရုတ်နဲ့
ဘာလို့တိုက်ရိုက်မ၀ယ်ဘဲ
ကျွန်တော်တို့ကိုနှစ်ဆပေးပြီး
၀ယ်ရတာလဲ "

“ တရုတ်နဲ့ထိုင်း၊ တရုတ်နဲ့ငါတို့၊
ငါတို့နဲ့ထိုင်း.....နိုင်ငံရေးတွေ
ရှုပ်ထွေးနေတဲ့ငါတို့နိုင်ငံလောက်
လုံခြုံရေးစနစ်ပေါ့ပါးတာ
ငါတို့နိုင်ငံပဲရှိတာမို့ ပိုက်ဆံကိုနှစ်ဆ
ပေး၀ယ်တယ်ပြီးရင် ဟိုမှာနှစ်ဆ
ပြန်ရောင်းမယ်ပိုအမြတ်ရတာ
ငါတို့မဟုတ်ဘဲ ထိုင်းကောင်တွေပဲ
အငယ်ဆုံးလေးရဲ့ "

“ အာ....‌"

အငယ်ဆုံးလေးအား သင်ကြားနေသူမှာ
ဂိုဏ်းခေါင်းဆောင် ထူးနစ်မွန်း၏
အမြွှာညီဖြစ်သူ စူးနစ်မွန်း ဖြစ်သည်။
ထိုညီဖြစ်သူမှာခေါင်းဆောင်ထက်ပိုပြီး
သန်မာကာ ရက်စက်တတ်သူဖြစ်သည်။

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now