Episode 7

318 12 0
                                    

( Unicode)
.
.
.
.
လုံခြုံရေးအပြည့်နှင့်ကာကွယ်ထားသော
မြေအောက်ခန်းတစ်နေရာတွင်!!!!!!

စမ်းသပ်ခန်းထဲမှမျက်နှာကျက်ရှိ မီးသီးဆီမှ
လာသောအလင်းရောင်သည်ပျောက်သွားလိုက်
လင်းလာလိုက်နှင့် တဖျက်ဖျက်လက်လို့နေပြီး စမ်းသပ်ထိုင်ခုံထက်တွင်ထိုင်သော 25နှစ်အရွယ်
အမျိူးသားတစ်ယောက်သည် စိတ်သက်သာရာ
ရစွာဖြင့် သူ၏ရှေ့တွင်အဖြူရောင်ကုတ်အင်္ကျီ
ဝတ်ထားသည့် အသက်၅၆နှစ်ရှိသည့်
လူတစ်ယောက်အား ပြောလာသည်။

'' ပါမောက္ခ..ကျွန်တော်..အဲ့ဒါတွေကို
လုံးဝ controlလုပ်နိုင်သွားပြီ ''

လက်ဖဝါးနှစ်ဖက်ကို ဆုပ်လိုက်ဖြန့်လိုက်
လုပ်နေရင်းမျက်လုံးအစုံကိုမှိတ်ကာ
ပတ်ဝန်းကျင်ရှိအရာအားလုံးကို စိတ်ဖြင့်
အာရုံခံကြည့်လိုက်တော့ အကျိုးသက်ရောက်
မှုက သူထင်ထားတာထက်ပိုသည်။
နှစ်အတော်ကြာမျှော်လင့်နေသည့်အရာကို
ရရှိသွားတာကြောင့် သွားဖြူဖြူတွေပေါ်လာ
သည်အထိ ပါမောက္ခ ဆိုသူအား ပြုံးပြနေလေ
သည်။

'' အင်း...ဆေးကစမ်းသပ်ဆဲကာလမှာပဲ
ရှိနေသေးလို့အကျိုးသက်ရောက်မှုက
တစ်ပတ်ပဲရှိဦးမယ် အချိန်အကြာကြီးတောင့်ခံ
နိုင်မယ့်ဆေးကိုထပ်ပြီးစမ်းသပ်ရဦးမယ် ''

'' ကျွန်တော်စောင့်နိုင်ပါတယ် ပါမောက္ခ
ပြီးပြည့်စုံတဲ့ဆေးရတာနဲ့ ပါမောက္ခခိုင်းတာ
အားလုံးလုပ်ပေးပါ့မယ် ''

'' ဟက်...စိတ်မပူပါနဲ့ တယ်ရီ ဆေးသာ
ပြီးပြည့်စုံသွားရင် မင်းမှာလုပ်စရာတွေ
အများကြီးရှိနေပါတယ်အခုတော့
နားလိုက်ဦး ''

'' ဟုတ်ကဲ့....ပါမောက္ခ ''

လက်ဖျံကြောအတွင်းသို့ထိုးဝင်ထားသည့်
အပ်တွေဖယ်ပေးပြီးနောက် ပါမောက္ခ ဆိုသူက
တယ်ရီ့အားနားနေခန်းသို့သွားကာ
အနားယူစေရန်အမိန့်ပေးလေသည်။

အချိန်ခဏအကြာမှာတော့ လူတစ်ယောက်၏
သားရေရှူးဖိနပ်သံက စမ်းသပ်ခန်းဆီသို့
ဦးတည်လာနေသည်။

တောက်...တောက်...တောက်....

...ကျွီ...

တံခါးဖွင့်သံကြောင့် သဘောပေါက်သွားသည့်
ပါမောက္ခ ဆိုသူမှာ ချက်ချင်းဆိုသလို
ကုတ်အင်္ကျီသပ်ရပ်နေအောင်ပြင်လိုက်ရင်း
ကိုယ်ကိုလည်း90°အထိကိုင်းညွတ်လိုက်ကာ
နူတ်ဆက်လိုက်​လေသည်။

The Operation of C.H.A.N.D.R.A ( Chapter 1 )Kde žijí příběhy. Začni objevovat