Chapter1 ( Final Episode)

508 10 4
                                    

.
.Unicode
.
.
.

စေလှိုင်း Villa တွင်ရှိမနေသောအချိန်
လွန်ခဲ့တဲ့ဆယ့်ငါးမိနစ် ++++++

သတိမေ့နေသော မီကိုးလ်သည် ည၁၂နာရီ
လောက်ကတည်းက Villa၏အပြင်တွင်
ရပ်စောင့်နေသော ကားအနက်ရောင်
တစ်စီးထဲသို့ထည့်ခြင်းခံလိုက်ရသည်။

Villa အတွင်းရှိကိုယ်ရံတော်တွေ
အစောင့်တွေထဲမှအချို့ဟာ သခင်ကြီးရဲ့
လူတွေဖြစ်တာမို့ ၀င်ရတာလည်းလွယ်ကူ
ခဲ့သလို တယ်ရီသတိမေ့နေ့တဲ့လူကို
ပခုံးပေါ်ထမ်းပြီးကားပေါ်သည်အထိ
Villaအတွင်းဘာပြဿနာမှရှိမနေပေ။

ထိုစဉ်

" တယ်ရီ မင်းကပါ‌မောက္ခသားကို
SiMon ကိုလွှဲပေးလိုက်
ငါတစ်စုံတစ်ယောက်ကိုသွားတွေ့ရမယ် "

" ဗျာ "

" သွားကြတော့ "

" ဒါဆို....သခင်ကြီးကဘယ်လိုပြန်ခဲ့မှာပါလဲ "

" ကားတစ်စီးပါသေးတယ် "

" သခင်ကြီး "

ကားပေါ်မှဆင်းကာ Villa အတွင်းသို့
၀င်တော့မည့် သခင်ဖြစ်သူအား
တယ်ရီ တားချင်တဲ့စိတ်ကထိန်းမရနိုင်
ဖြစ်နေ၏။

ဘယ်လောက်ပဲအစီအစဉ်အတိုင်း
ဖြစ်လာတယ်ပြောနေပါစေ ဒီVillaအတွင်း
မှာရှိနေသည့် မွန်းဇက်ယန်က တယ်ရီ့ထက်
အဆပေါင်းများစွာခွန်အားရှိပြီး သူသာ
ဆန္ဒရှိလျှင် ဒီအနားကလူတွေကိုမျက်တောင်
တစ်ချက်ခတ်ရုံနဲ့ရှင်းပစ်လိုက်လို့ရသည်ဆိုတာ
ခုနက ပါမောက္ခသားရဲ့အခန်းထဲရှိ
အချက်အလက်အချို့ကြောင့်သိခဲ့ရသည်။

ပါမောက္ခသားက အဲ့ဒီမွန်းဇက်ယန်ကို
အတော်လေးဂရုတစိုက်ဖန်တီးထားတာ
အသေအချာဖြစ်၏။

" ဘာလဲ...ဘာပြောချင်လို့လဲ "

" ကျွန်တော် သခင်ကြီးကိုကာကွယ်ဖို့
လိုက်ခဲ့လို့ရမလား "

" မလိုဘူး...အခုကတိုက်ခိုက်ဖို့လာတာ
မဟုတ်လို့ ဘာမှမဖြစ်နိုင်ဘူး "

" ဒါဆို...ဘယ်သူနဲ့သွားတွေ့မလို့ပါလဲ
အသိရှိလို့လားဟင် "

" ဟက်....တယ်ရီ "

" ဟုတ်ကဲ့ "

" မင်းသာငါ့လူဆိုရင် ငါမေးခွန်းတွေ
မေးခံရတာကိုမကြိုက်တာမသိဘဲမနေဘူး  "

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now