Episode 17

179 4 0
                                    

Unicode
.
.
.
.

'' ဘာလဲ...မနေ့က အဖြစ်အပျက်က
တကယ်ပဲအိပ်မက်လား ''

ဆို‌ဖာပေါ်တွင်ထိုင်ကာ cappuccino အပြည့်
ထည့်ထားသောခွက်ကိုကိုင်ပြီး
ခပ်ဖြည်းဖြည်းလေး ဇိမ်ခံသောက်ရင်း
မနေ့ညကဤအခန်းထဲမှာ အိပ်ပျော်သွား
ရင်းဖြစ်သွားသည့်ကိစ္စက အိပ်မက်လိုလို
တကယ်လိုလိုနှင့် ဝေခွဲမရပဲ စဉ်းစားခန်း
ဖွင့်နေသူမှာ အသက်46နှစ်အရွယ်
အရေပြားဆိုင်ရာပညာရှင်
ဒေါက်တာ ဆန်းသစ်ဦး ပဲဖြစ်၏။

မနက်ခင်းသူနိုးလာချိန်၌ အခန်းထဲရှိ
ပစ္စည်းများမှာ နေရာတကျနှင့် မိမိကလွဲ
ဘယ်သူမှမရှိသည့်သဖွယ် နေရာမပျက်ရှိ
နေသည်ဆိုတာဟုတ်ပေမယ့်မေ့ဆေးပေးခံ
ရသည်ဆိုတာ သေချာနေပါသည်။

မသေချာတဲ့စိတ်ကြောင့် ဆေးရုံလမ်းပြတွေကို
မေးသော်လည်း ထူးဆန်းတဲ့လူတစ်ယောက်မှ
မတွေ့ခဲ့ဖူးဟုဆိုသည်။
ဆေးရုံရဲ့ cctvတွေမှာပါစစ်ဆေးကြည့်ပေမယ့်
6 နာရီမှ 8 နာရီအတွင်းရုတ်တရက် server တွေ
down သွားလို့ပြန်ပြင်နေခဲ့သည်တဲ့။

'' တကယ်ပဲ....သူခိုးတွေကငါ့ဆီကဘာကိုယူ
သွားကြတာလဲ....အဲ့ဒီအချိန်မှာပဲ အားလုံးက
အချိန်ကိုက်ဖြစ်နေတာ ကြိုတင်စီစဉ်ထား
သလိုမျိုး ''

bezzzz....bezzzzzz

ရုတ်တရက် ဝင်လာတဲ့ message ကြောင့်
ကုတ်အင်္ကျီ( doctor coat) ထဲမှ ဖုန်းကို
ထုတ်ကြည့်တော့၏သူသိလိုက်ပါပြီ
မနေ့ညတုန်းကရုတ်တရက်အိပ်ပျော်သွား
ရခြင်းရဲ့ အဖြေ။

@ မူရင်း memory stick ကိုလိုချင်ရင်
မနက်ဖြန်မနက် xxxလမ်းထဲက Quick
Coffee ကိုလာခဲ့ ။

မနေ့ညကခိုးယူခံခဲ့ရတာတွေဟာ
သူ့ရဲ့တရားမဝင် surgeryလုပ်ငန်းနှင့်
ပက်သက်သည့် dataတွေပဲဖြစ်ချေ၏။

အထူးသဖြင့် သူခွဲစိတ်ပေးလိုက်တဲ့
လူနာတွေရဲ့စာရင်း။
ဤစာရင်းသာပေါက်ကြားသွားလျှင်
သူဟာသေလူအဖြစ်ရောက်သွားဖို့ဆိုတာ
မုချမလွဲပင်ဖြစ်၏။

သေချာပေါက် file တွေကို copy ယူမသွား
နိုင်အောင် security အပြည့်လုပ်ထားပါရက်နှင့်
ရအောင်ခိုးယူသွားနိုင်သည့်သူဆိုတာ
ဒီနိုင်ငံမှာလက်ချောင်းငါးချောင်းတောင်
မပြည့်နိုင်တာသေချာနေပါရက်နှင့်။

The Operation of C.H.A.N.D.R.A ( Chapter 1 )Wo Geschichten leben. Entdecke jetzt