Episode 13

238 6 0
                                    

Unicode
.
.
.
.

သေနတ်ကိုင် ကြမ်းတမ်းလာခဲ့ပြီး
အိမ်ပြန်ရောက်ချိန်မှာတော့
နာရီက1နာရီပင်ခွဲပြီးနေပြီဖြစ်၏။

ဆူညံနေသည့်xxxလမ်းပေါ်ကသေနတ်သံ
တွေနှင့် ပေါက်ကွဲသံတွေရဲ့အကြောင်းက
ဒီအချိန်ထိမအိပ်သေးသူတွေအကြား
တက်လာတဲ့လန့်ချင်စရာသတင်းတစ်ခု
ဖြစ်ပြီး ရုတ်တရက်ပေါ်လာသည့်သတင်း
ဖြစ်လို့ ရှာဖွေမှုထိပ်ဆုံးအထိပင်ရောက်နေ၏။

#CSN News

(လွန်ခဲ့တဲ့နာရီ၀က်အတွင်းဖြစ်ပွားခဲ့သော
xxxလမ်းအတွင်း၌ တရားမ၀င်လက်နက်
ကိုင်ဆောင်သူတွေ၏ တိုက်ပွဲတစ်ခုဖြစ်
ပွားခဲ့ပါတယ်။
လမ်းတစ်လျှောက်ရှိ cctvမှတ်တမ်းတွေ
အရကားရဲ့အမိုးကိုပလက်စတစ်ခွာ
သလိုလှန်ချလိုက်သော လူတစ်ယောက်ရဲ့
အံ့ဩလောက်စရာအင်အားကြီးမှုကို
မြင်ရတွေ့ခဲ့ရပြီး ညဘက်၏အလင်းရောင်
မှိန်နေမှုကြောင့် cctvတွေတွင်မျက်နှာက
ရှင်းရှင်းလင်းမမြင်ရပေမယ့် အဲ့ဒီလူဟာ
လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း xxလမ်း
တွင်ဖြစ်ပွားခဲ့သော ကားမတော်တဆမှုကို
ကူညီပေးခဲ့တဲ့ ယောက်ျားဖြစ်တယ်လို့
ရဲတွေကယူဆထားကြပြီး အဲ့ဒီလူရဲ့
သရုပ်မှန်ကိုသိရဖို့ ရဲတွေကကြိုးစား
ရှာဖွေနေကြပါတယ်။
နောက်ပြီး ယခုပစ်ခတ်မှုအတွင်း
သေဆုံးသူအားလုံး ၉ယောက်ရှိပြီး
ဒဏ်ရာရသူ၄ယောက်ရှိတယ်လို့သိရ
ပြီး ထိုသူတွေကိုရဲတွေကစစ်ဆေးမှုတွေ
ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး
လတ်တလောဆေးရုံမှာ လက်ထိပ်ခတ်
ကာထိန်းသိမ်းထားတယ်လို့လည်း
သိရပါတယ်။ )

ကလေးလေးမှာတော့ သတင်းအစီအစဉ်
ကိုပိတ်ပစ်ကာ သိပ်ပြီးအထွေအထူး
မရှိလှတာမို့လစ်လျူရှုလိုက်တော့သည်။

ဒယ်ဒီသည်လည်းအတော်လေးပင်ပန်း
သွားတာဖြစ်လို့ရေနွေးနှင့်စိမ်ကာ ရေချိုးနေ
သည်မှာမိနစ်အတော်လေးကြာနေပြီဖြစ်၏။

ဒယ်ဒီရေချိုးခန်းထဲမှထွက်လာသည်ကို
စောင့်နေရင်းဒီနေ့လုပ်မှကိုဖြစ်မည့်အလုပ်
တစ်ခုကိုသတိရသွားတာမို့ ယွန်းဇံရဲ့
အိပ်စက်ခြင်းကိုနှောက်ယှက်ကာ
နာမည်ကြီးသရုပ်ဆောင် နော်ခမ်းထင်၏
ဖုန်းနံပါတ်ကိုအမြန်ရှာခိုင်းရ၏။

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now