Episode 22

99 4 0
                                    

Unicode
.
.
.
.

2040 May 23 .....

လေဆိပ်တွင်......

နောက်ဆုံးတော့ နောက်ဆုံးတော့
ရောက်လာခဲ့ပြီ။

ပူလောင်နွမ်းလျလွန်းတဲ့ မိခင်နိုင်ငံရဲ့
နွေ‌ရာသီကိုထားရစ်ခဲ့ပြီး ပူလောင်
တမ်းတမှုတွေနှင့်အတူရောက်ရှိလာသည့်
ချက်နိုင်ငံ...

ဖြစ်နိုင်ချေ 20%သာသေချာနေတဲ့
ဒီအခွင့်အရေးကိုအားကိုးပြီး ယန်ယန်တို့
အဖွဲ့၊ private လေယာဉ်နှင့်တိတ်တိတ်လေး
ထွက်လာခဲ့ကြသည်။

ခေါင်းဆောင်၏နွေရာသီခရီးစဉ်ဟု
ခေါင်းစဉ်တပ်ပြီးလာခဲ့လေတော့
ကျန်နေခဲ့သည့် လက်အောက်ငယ်သား
အချို့သည်လည်း ခွင့်ယူကြလေ၏။

အစောင့်အကြပ်လျော့နည်းနေပြီး
မပြီးသေးသည့်လုပ်ငန်းတွေနှင့်MooN ကို
ကိုသူရနှင့်ဒီအတိုင်းထားခဲ့ပြီးလာခဲ့ရတာ
ဖြစ်သည်။

ဘယ်လောက်ပဲ ဒီနေရာမှာရှိနိုင်ချေနည်း
နေပါစေနှစ်လအတွင်း‌ရခဲ့တဲ့ပထမဆုံး
အခွင့်အရေးမို့လက်လွှတ်မခံပဲ ယန်ယန်
ယင်မှူး၊စေလှိုင်းနှင့်ယွန်းဇံတို့အပြင်
သရုပ်ဆောင်နော်ခမ်းထင်တို့အတွဲရောပါ
လူခြောက်ယောက်သည် တစ်စုံ‌
တစ်ယောက်ကိုကယ်တင်ရန် ချက်နိုင်ငံ
×××မြို့သို့ရောက်ရှိလို့လာပြီဖြစ်သည်။

အနောက်နိုင်ငံတွင်မွေးပြီး ချမ်းသာသည့်
မိဘတွေနှင့်တွေ့ဆုံခဲ့ရသည့် နော်ခမ်းထင်
သည်မိဘတွေရသည့် ဖိတ်စာနှစ်ခုကို
အသုံးချကာ မိမိတို့အားကူညီခြင်း
ဖြစ်သည်။

( AN/နော်ခမ်းထင်က chapter 1 Ep- မှာ
ပါ ပါတယ် )

ဤသို့ကူညီပေးခြင်းသည် ယန်ယန်အား
ကျေးဇူးဆပ်ခြင်းဖြစ်သည်တဲ့လေ။

ယန်ယန်ကထင်ထားသည်ထက်
ဆက်ဆံရေးကောင်းသည့်အတွက်‌
ကြောင့်သာ ဒီလိုအခွင့်အရေးမျိုးရသည်
မို့ ယန်ယန့်ကိုစေလှိုင်းအရမ်းကို
ကျေးဇူးတင်နေမိပါသည်။

ယင်မှူး-" ငါတို့ရဲ့ Mission က
အရမ်းကိုရိုးရှင်းတယ်...တိတ်တဆိတ်နဲ့
မီကိုးလ်ကိုရှာဖို့ပဲဖြစ်တယ် ...အခုအချိန်
ကစပြီး လူခွဲမယ် ယန်ယန်နဲ့စေလှိုင်း က
နော်ခမ်းထင်တို့နဲ့အတူပါတီတက်ဖို့
ပြင်တော့ ငါနဲ့ယွန်းဇံကခိုး၀င်မယ်
နားလည်ရင်လူခွဲတော့ "

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now