Episode 23

117 1 0
                                    

Unicode
.
.
.

ယင်မှူးနှင့်ယွန်းဇံတို့နှစ်ယောက်
နောက်ဖေးမီးဖိုချောင်အပေါက်မှ
ပစ္စည်းပို့သူအဖြစ်ဟန်ဆောင်ကာ
ရဲတိုက်အတွင်းသို့အောင်မြင်စွာဖြင့်
၀င်‌ရောက်လာနိုင်ကြလေသည်။

ထို့နောက်....room service ပေးရသော
၀န်ထမ်းများ၏အင်္ကျီများကိုခိုးယူကာ
ယင်မှူးနှင့်ယွန်းဇံတို့ အစီအစဉ်အတိုင်း
ရဲတိုက်အတွင်းရှိအခန်းတိုင်း
အခန်းတိုင်းရှိလူများအားစစ်ဆေးကာ
လူပျောက်ရှာပုံတော်ဖွင့်ကြလေသည်။

နာရီ၀က်လောက်အကြာမှာတော့
ဤကြီးမားလှသောရဲတိုက်တစ်ခုလုံး
တွင် အခန်းတွေအများကြီးရှိပြီး
အထပ်တွေအများကြီးရှိနေတာ
ဖြစ်သောကြောင့် ရဲတိုက်၏တစ်နေရာ
တွင်ရှိနေမည့် လူတစ်ယောက်ကို
ရှာဖွေခြင်းကိုထိုနည်းဖြင့်ရှာ၍မရနိုင်
တာလက်ခံလိုက်ရတော့သည်။

" ယွန်းဇံ.....ဒုတိယထပ်က ဘယ်ဘက်
အစွန်ဆုံးမှာစောင့်ကြည့်ခန်းရှိတယ်
အဲ့ဒီကိုသွားပြီး ဒီရဲတိုက်မှာဖြစ်ပျက်
သမျှအရာအားလုံးကိုကြည့်ရအောင် "

" ဟုတ်ကဲ့....ဒီ၀တ်စုံကလူကို
အတော်လေးအသက်ရှူကြပ်စေတယ် "

၀န်ထမ်း၀တ်စုံချွတ်ကာ အကြောလျှော့
လိုက်ရင်း စောင့်ကြည့်ခန်းထဲမှလူတွေ
အားရုပ်ရှင်တွေထဲကလိုသတိမေ့အောင်
လုပ်ရန်ယွန်းဇံတစ်ယောက်စိတ်လှုပ်ရှား
နေတော့သည်။

ဒေါက်ဒေါက်....

" room service ပါ "

တံခါးပွင့်လာတော့ သွက်လက်လှတဲ့
ယင်မှူးက လက်ထဲရှိ‌သေနတ်နှင့်
တိုးတိတ်စွာပဲ အခန်းထဲရှိလူ
လေးယောက်အားကိစ္စတုံးလိုက်
လေသည်။

ယွန်းဇံထင်ထားတာက သတိမေ့
အောင်ပဲလုပ်မယ်လို့ပေါ့။

" ဘာလို့လဲ "

" မဟုတ်ဘူးလေ....ရုပ်ရှင်တွေထဲမှာ
ဆို မင်းသားကလက်ကလေးကိုပဲ
သုံးပြီး လူတွေကိုသတိမေ့အောင်
လုပ်တာဆိုတော့လေ "

" မင်းကိုရီးယားကားတွေကြည့်တာများ
နေပြီ....ငါကမေတ္တာတရားကြီးမားတဲ့
အဓိကဇာတ်ကောင်မဟုတ်တော့
လူမသတ်ဘဲမနေနိုင်ဘူး လုပ်တော့
ကိုယ့်အလုပ်ကို "

You've reached the end of published parts.

⏰ Last updated: Mar 25 ⏰

Add this story to your Library to get notified about new parts!

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now