Episode 14

209 5 0
                                    

Unicode
.
.
.
.

'' ဟက်...ငါတို့ရှာနေတဲ့ အင်အားကြီးတဲ့
ကောင်လေးကသူကိုး ''

'' အခုပဲ သွားဖမ်းလာခဲ့လိုက်ရမလား
သခင်ကြီး ''

'' မလုပ်နဲ့ဦး...ဖြည်းဖြည်းချင်း
သွားရအောင် ငါတို့လူတစ်ယောက်
မနေ့ကအဲ့ဒီပိုင်နက်ကိုတရားဝင်​
ရောက်သွားပြီ...အင်အားကြီးတဲ့
ကောင်လေးရဲ့တည်နေရာကို
အတိအကျသိပြီမလို့ အချိန်မရွေး
လှုပ်ရှားလို့ရတယ် ငါတို့အာရုံစိုက်ရမှာက
အဲ့ဒီကောင်လေးကိုကူညီနေတဲ့
ပါမောက္ခရဲ့သားကိုရှာရမှာ အဲ့ဒါကိုပဲ
အာရုံစိုက် မတော်ရင် တစ်နေရာတည်း
မှာအတူရှိနေတာလည်းဖြစ်နိုင်တယ် ''

'' ဟုတ်ကဲ့...ဒါဆိုဆက်ပြီး
စောင့်ကြည့်နေလိုက်ပါ့မယ် ''

'' အင်း....သွားတော့...တာဝန်တွေ
ပြီးရင်တယ်ရီ ကို အခန်းထဲကိုလာဖို့
ပြောလိုက်ဦး ''

'' ဟုတ်ကဲ့ သခင်ကြီး ''

လက်ထောက်အခန်းထဲမှထွက်သွား
ပြီးသည်အထိlaptop screen ပေါ်တွင်
ထပ်ကာထပ်ကာပြန်ဖွင့်ခြင်း
ခံနေရသော 15မိနစ်စာvedio file
တစ်ခုရှိနေသည်။

သခင်ကြီးသည်ထို vedio file ထဲတွင်
ပါ၀င်နေသည့်သူအနှစ်နှစ်အလလက
စောင့်ဆိုင်းနေရတဲ့ ပြီးပြည့်စုံတဲ့
လူသားလက်နက်အား အတော်လေး
စိတ်ကျေနပ်မှုအပြည့်ဖြစ်နေသော၊
စူးရဲဆာလောင်နေသောအကြည့်တွေ
နှင့်ကြည့်နေ၏။

မိမိပိုင်ဆိုင်ရမည့်အရာအား
အခုချက်ချင်းပိုင်ဆိုင်ရန်
ကြိုးစားချင်သော်ငြား အခြေအနေတွေ
အရစိတ်ရှည်ဖို့သာဖြစ်နေ၏။

လုယူတာမျိုးမဟုတ်ဘဲ မိမိရဲ့အပိုင်
လူသားလက်နက်လေးက သူ့ခြေထောက်
နှင့်သူ မိမိ​ရှေ့လာရောက်စေမည့်
နည်းလမ်းကို ရှာတွေ့ထားပြီဖြစ်တာကြောင့်
စိတ်မရှည်ချင်လည်း စိတ်ရှည်ရမည်
သာဖြစ်၏။

ဒေါက်...ဒေါက်....

အခုတလော မိမိအားမေ့နေခဲ့တဲ့
သခင်ကြီးမှအခေါ်လွှတ်တာမို့
အပြေးလေးလာစဉ် laptopscreen အား
လိုချင်တက်မက်မှုအပြည့်နှင့်
ကြည့်နေသော သခင်ကြီးရဲ့
သားရိုင်းကောင်တစ်ကောင်လို
မျက်လုံးရဲရဲကြောင့်ခဏကြောင်အသွားပြီး
အသိပြန်ဝင်လာတာမို့ဖွင့်ဟထားသည့်
တံခါးကိုခေါက်ကာ တယ်ရီ ဝင်ခွင့်
တောင်းလိုက်သည်။

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now