Episode 3

643 20 2
                                    

Unicode)
.
.
.

'' ကလေးလေး....ထတော့...ယန်ယန် ''

''...''

'' ငါ့သားလေး...ထတော့ကွာ ဟေ့ကောင် ''

'' .... ''

'' mother fucker လေးထတော့လို့
ပြောနေတယ်လေ ''

'' ဒယ်ဒီ.....ထပြီ..ထပြီ ''

'' အကောင်းနှိုးတုန်းထမှပေါ့ baby ''

အိပ်ရေးဝလို့ထင့်ခန္ဓာကိုယ်က
သူ့အလိုလိုပင်နိုးကြားလာသည်။

နာရီကြည့်တော့ 8 နာရီ ပင်ခွဲလို့နေပြီ
ဖြစ်သည် ဒါကြောင့်လည်း ယင်မှူးရဲ့
မျက်လုံးတွေကမအိပ်စက်နိုင်တော့တာပေါ့။

တစ်ညကို 6နာရီသာအိပ်စက်တတ်သော
အကျင့်တစ်ခုလိုဖြစ်နေတဲ့ အိပ်ချိန်
စက်ဝန်းက သူ့အချိန်နှင့်သူပြည့်လျှင်
အသိစိတ်တွေကနိုးကြားကာအိပ်ယာမှ
ဆတ်ခနဲနိုးထလို့လာတတ်သည်။
ယင်မှူး နိုးနိုးချင်းမှာပဲ မိမိခါးပေါ်
ရောက်နေတဲ့ယန်ယန့်ရဲ့ခြေတံရှည်ကြီး
တွေကိုတွန်းဖယ်ကာလှုပ်နှိုးရတော့သည်။

ညက 2နာရီထိုးထိစကားတွေပြောခဲ့မိတဲ့
ကိုယ့်ကိုကိုယ်ပဲအပြစ်တင်မိပါတယ်
ဒါကြောင့်ပဲ သူတို့အိပ်ယာထနောက်ကျ
သွားပြီဖြစ်သည်။

'' အလုပ်နောက်ကျနေပြီလေ ဘာလို့အေးအေးဆေးဆေး အိပ်နိုင်ရသေး
တာလဲ ''

'' ကျွန်တော်နိုးနေတာကြာပြီ ဒယ်ဒီက
အလုပ်ထွက်ဖို့ပြောထားတယ်မလား
အဲ့ဒါကြောင့် ပြန်မှေးရင်းနဲ့ ထပ်အိပ်နေ
လိုက်တာ ''

'' အင်း...ငါအဲ့ဒီလိုပြောထားတာပဲ
ဒီတစ်ခါတော့ထားလိုက်‌တော့..ဒါပေမယ့်
ရှေ့လျှောက်အဲ့ဒီလိုအဖြစ်မျိူးထပ်ဖြစ်ရင်
မင်းကိုကိုယ် အိမ်မှာပဲပိတ်လှောင်ထားတော့
မှာဆိုတာတော့သိထား''

'' ဟုတ်ကဲ့...ဒယ်ဒီ စကားနားထောင်တဲ့
သားလေးလုပ်တော့မှာ...ဒီနေ့ကစပြီး ''

'' အချွဲလေး..ဒီနေ့ ဆေးထိုးရမယ့်နေ့
မဟုတ်လား....စောစောပြန်ခဲ့ ''

'' ဟုတ်ကဲ့......ဒယ်ဒီ''

မနေ့ကတော့ ပြောစကားကိုနားထဲတောင်
မဝင်ဘဲနှင့် အခုမှအလုပ်ထွက်မယ်ဆိုကာ
စကားတွေနားထောင်ပြနေပြီးရေချိူးခန်း
ဆီအပြေးလေးဝင်သွားတဲ့ ကောင်လေးရဲ့
ကျောပြင်ကိုကြည့်ကာ ယင်မှူးသူ့ရဲ့
သွားတက်လေးတွေပေါ်လာသည်အထိ
ပြုံးနေမိ‌တော့သည်။

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now