Episode 9

292 8 0
                                    

Unicode
.
.
.

'' ဘယ်လိုနေလဲ ဒီနေရာက
အရမ်းနာမည်မကြီးပေမယ့်
တိတ်ဆိတ်ပြီး လှတယ်မလား ''

'' miss Swan ပြောသလို မင်းကတကယ်ပဲ
ဒီမြို့ရဲ့နေရာတွေနဲ့ပက်သက်ပြီးကောင်းကောင်း
သိနေတာပဲ ''

'' 10နှစ်ကျော်ကျော်လောက်ကြီးပြင်းလာခဲ့တဲ့
နေရာပဲ ဒီလောက်သိတာက မပြောပလောက်
ပါဘူး ''

'' အာ...ကိုယ်တို့အခုထိမိတ်မဆက်ရသေး
သလိုပဲ ကိုယ့်နာမည်က SiMon ဒီကိုတစ်စုံတစ်ယောက်ကိုလာရှာတာ''

'' Hum..လူရှာတာကို ဘာလို့ဒီလိုတွေလျှောက်
လည်နေဦးမှာလည်း ''

'' သူကသူ့ရဲ့သက်ဆိုင်သူနဲ့ဒီကို honeymoon
လာမှာလေ ''

'' OMG....ခင်ဗျားကအရူးပဲ စကားမစပ်
ကျွန်တော်က Say ''

'' စေ...တစ်လုံးတည်းလား ''

'' ဟုတ်တယ် တစ်လုံးတည်းပဲ ''

တစ်ဖက်လူကို စိုက်ကြည့်မိရင်း လှိုင်း ဆိုတဲ့
စကားလုံးက တစ်စုံတစ်ယောက်ကသူ့အပိုင်ပါလို့
ပိုင်စိုးပိုင်နင်းပြုမူခဲ့တဲ့အချိန်ကို စေလှိုင်း
သတိရနေမိသည်။

'' ဟေး...ကိုယ့်မျက်နှာမှာဘာပေနေလို့
စိုက်ကြည့်နေတာလဲ ''

'' အာ...မဟုတ်ပါဘူး ဒီအတိုင်း ဘာမှ
မဟုတ်ပါဘူး  ''

“ အာ....ဟုတ်ပါပြီ "

ပြောရင်း ခြေလှမ်းတွေကိုသွက်သွက်
လျှောက်ကာဒီလူအနားမှအမြန်လေး
ခွာလိုက်မိသည်။

တကယ်တော့ တစ်ယောက်တည်းနေတာကမှ
ပိုကောင်းဦးမယ်ထင်၏။
အခုတော့ မလိုအပ်တဲ့အချိန်မှာတောင်
ဒင်းကြီးကိုသတိရနေရနေတာတဲ့လား။

ဒီလိုနဲ့ ဒီလူကို 5ရက်တိတိ လှပတဲ့သဘာဝ
ရှုခင်း​တွေ၊ နာမည်ကြီးတဲ့မြို့ထဲက အစား
အသောက်အရသာရှိတဲ့ဆိုင်တွေ လိုက်ပြခဲ့ရ
သည်။

ဒီလူကိုပြရင်း လှိုင်းလည်း စိတ်ပြေ
လက်ပျောက်ဖြစ်သွားတယ်ဆို‌တာတော့
၀န်ခံရမည်။
မရောက်ဖြစ်တာကြာတဲ့နေရာတွေ
မဆုံဖြစ်တာကြာတဲ့ရင်းနှီးသူအချို့တွေနှင့်
တွေ့ဖြစ်ပြီး ဒီလူကို ဒေသခံလူတွေရဲ့
အလေ့အထတွေ ရိုးရာပုံစံအမျိုးမျိုးပါ
လိုက်ပြဖြစ်သွားသည်။

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now