Episode 18

179 3 0
                                    

Unicode
.
.
.
.
.

မနေ့က ရွာသွားတဲ့မိုးနှင့်အတူ
ဆောင်းရဲ့အေးစက်မှုတွေဟာလည်း
သိသိသာသာယုတ်ရော့သွားလေသည်။
ထိုပြောင်းလဲသေးသေးလေးအား
QXC သတင်းတိုက်ကတင်လိုက်သည့်
သတင်းတစ်ခုကြောင့် လူထုကြီးဟာ
သတိပင်မထားမိခဲ့ကြပေ။

ပန်းချီဆရာမ Blue Bubble ဟာ
သူ့အိမ်ကိုQXC ရှိသတင်းထောက်အား
နေ့လည်နှစ်ရီမှာလာဖို့ကြိုဖိတ်ထားလိုက်ပြီး
သူ့ရဲ့ခက်ခဲနေတဲ့ကိစ္စတစ်ခုကို အသိဉာဏ်ရှိရှိ
​ဖြေရှင်းဖို့ကြိုးစားခြင်းဆိုတဲ့ ခေါင်းစဉ်
အောက်ကစာသားတွေဟာလူထု
အတွက်အတော်လေး စိတ်ဝင်စားစရာ
ဖြစ်ခဲ့ပြီး နိုင်ငံရေးနယ်ပယ်မှတချို့သော
အကျင့်ပျက်ချစားသူများအတွက်
ကြီးမားသည့်ရိုက်ခတ်မှုတစ်ခု
လည်းဖြစ်ခဲ့လေသည်။

အကြောင်းကတော့ နိုင်ငံရေးလောကကို
ခြေချဖို့စတင်နေရုံရှိသေးတဲ့ အမှုစစ်ချူပ်
ဦးနေကောင်းခွန်ဟာ အသက်နှစ်ဆယ်ကျော်
ကွာလှတဲ့ ပန်းချီဆရာမရဲ့အိမ်ကို သူ့မိန်းမရဲ့
ပုံတူပန်းချီအပ်သည်ဆိုသောအကြောင်းပြ
ချက်ဖြင့် မကြာခဏလာတတ်ပြီး ညစ်ညမ်း
သောစကားလုံးတွေနှင့် ရိသဲ့သဲ့လုပ်နေသော
ပုံရိပ်အချို့အား မြင့်လွင်နှင့်ယန်ယန်တို့
မီးဖိုခန်းထဲမှနေ၍အမိအရရိုက်လိုက်နိုင်ခဲ့
ကြပြီး နိုင်ငံရေးနယ်ပယ်ထဲဝင်
တော့မည်ဖြစ်ကြောင်း သတင်းစာရှင်း
လင်းပွဲလုပ်မည့် ဒီနေ့လိုအချိန်တွင်
အချိန်ကိုက်တင်လိုက်တော့ ရိုက်ခတ်မှုက
အတော်လေးကိုဆိုးရွားနေခဲ့ပြီး
လူထုအမြင်ဟာလည်း ထိုလူယုတ်မာ
အားမကောင်းတဲ့မှတ်ချက်ပေးကြကာ သူတော်ကောင်းပုံရိပ်လည်း ဟိုးအောက်
အထိကျဆင်းသွားတော့သည်။

ဥက္ကဌသည်လည်း မိမိသတင်းတိုက်ရဲ့
နာမည်ကထိပ်ဆုံးမှာရှိနေတော့ အတော်
လေးကိုကျေနပ်နေပုံပေါ်၏။

'' ဒီနေ့ အလုပ်ဆင်းတာနဲ့ ဒီဌာနတစ်ခုလုံးကို
အစားအသာက်ပါတီ လုပ်ပေးမယ် အလုပ်
သင်ကိုလည်းကြိုဆိုရင်းပေါ့ ''

'' ဝူးဟူး.....''

'' အလုပ်ဆင်းချိန်ရောက်ဖို့ 5နာရီပဲလို
ပါတော့တယ် ''

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now