Part 1

2.6K 103 4
                                    

အရှေ့တောင်အာရှနိုင်ငံများ၏ Top 10စီးပွားရေးလုပ်ငန်းရှင်စာရင်းဝင် T&L Group Companyဥက္ကဌကြီး ဒေါ်ယမင်းသစ်၏ တစ်ဦးတည်းအမွေဆက်ခံခွင့်ရရှိထားသောတူမဖြစ်သူ Tomboyလေး
လွင်ဘုန်းခေတ်...

သူ့အသက်၃နှစ်အရွယ်ကတည်းက မိဘတွေကိုဆုံးရှူံးခဲ့ရပြီး..မိခင်ဘက်ကအဒေါ်ဖြစ်သူဒေါ်ယမင်းသစ်၏ အချစ်တွေအားလုံးရရှိပြီးစောင့်ရှောက်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်သည်...ဒေါ်ယမင်းခေတ်၏တူမမှန်းသိသော..ရန်ကုန်မြို့တွင်ကျောင်းမတက်လို၍အဒေါ်ဖြစ်သူအား...

"တီလေး..သား.ပြောစရာရှိလို့"

"ဘာများလဲ..ခေတ်လေး..ပြောလေ..တီလေးနားထောင်နေတယ်"

"သား...ဖေဖေ့ဘက်ကအမျိုးတွေရှိတဲ့..နယ်မှာ၉တန်းနဲ့၁၀တန်း ကျောင်းသွားတက်ချင်လို့...သား..စာကြိုးစားမှာပါ"

"ဘာဖြစ်လို့..ရန်ကုန်မှာမတက်ချင်တာလဲ..တီလေးနဲ့မနေချင်လို့လား"

"အဲ့လိုမဟုတ်ပါဘူး..တီလေးရဲ့..ရန်ကုန်မှာဆိုသားကို T&L groupက မှန်းသိကြတယ်..သားကအဲ့လိုဂုဏ်တွေနဲ့မတက်ချင်ဘူး...နယ်မှာဆိုသားကိုသာမန်လူတန်းစားလို့ပဲထင်ကြမှာ..သာမန်လူတန်းစားတွေနဲ့ပဲအတူတူကျောင်းတက်ချင်တယ်"

ခေတ်၏ပြောစကားကို..တီလေးသည်..အတော်အတန်ကြာအောင်စဥ်းစားပြီးနောက်မှာတော့

"အင်း...အဲ့မှာကျောင်းတက်ချင်တယ်ဆိုရင်..တီလေးကိုကတိတစ်ခုပေးရမယ်"

"ဟုတ်ကဲ့..တီလေး..ဘာများလဲ..အဲ့ကတိက"

"ဆယ်တန်းကိုဂုဏ်ထူးအနည်းဆုံးသုံးဘာသာပါအောင်ကြိုးစားပြီး..တက္ကသိုလ်ကိုအင်္ဂလန်မှာသွားတက်ပါ့မယ်လို့ကတိပေးပါ"

ခေတ်သည်ကတိပေးထါးလျှင် ကတိကိုတည်အောင်ကြိုးစားတတ်သည်ဆိုတာ..သိသည့်တီလေးသည်..ခေတ်ရဲ့ဆန္ဒကိုလိုက်လျောပေးနိုင်မည့်ကတိတစ်ခုကိုတောင်းနေသည်ဖြစ်သောကြောင့်

"သား..ကတိပေးပါတယ်"ဟု ကတိပေးလိုက်မှ ခေါင်းတငြိမ့်ငြိမ့်နှင့်

"လိုအပ်တာ..မှန်သမျှ တီလေးအားလုံးစီစဥ်ပေးမယ်..မင်းသာကတိတည်အောင်နေပါ" ဟုပြောကာ..ထိုင်နေရာမှထသွားလေသည်

နင်သာရှိရင်Where stories live. Discover now