Part 9

879 79 4
                                    

ဒီနေ့အလုပ်အားနေတာကြောင့် တီချယ့်အတွက်​လက်ဆောင်သွားပေးရန် တီချယ်တို့အိမ်သို့ ခေတ်ကိုယ်တိုင်ကားမောင်းကာထွက်လာခဲ့သည်...

တီချယ်တို့အိမ်ရှေ့ခြံတံခါးဖွင့်ထားတာကြောင့် ကားကိုခြံထဲသို့မောင်းဝင်လာကာ..ခြံထဲတွင်ရပ်လိုက်သည်...ခြံထဲရှိဒန်းပေါ်တွင်ထိုင်နေသည့်တီချယ်နှင့်တီချယ့်တူမလေးတို့နှစ်ဦးကားပေါ်ကဆင်းနေသည့် ခေတ်အနားသို့ရောက်လာပြီး

"ဘာလာလုပ်တာလဲ " ဟု တီချယ့်ထံမှစိမ်းကားသည့်စကားကိုကြားရသဖြင့်..

"အန်တီလေးလွှတ်လိုက်လို့လာတာ ကျွန်တော်ကလည်းဒီအိမ်ကိုမလာချင်ပါဘူး ရော့ ဒီမှာ အမေရိက က ဝတ်ကျေတန်းကျေဝယ်လာတဲ့လက်ဆောင် လာပေးတါ" ဟု တီချယ့်ကိုအရှူံးမပေးပဲပြန်ပြောလိုက်ကာ လက်ဆောင်ထုပ်ကိုလက်ထဲသို့ထည့်ပေးလိုက်သည်..

လှမြတ်ကို ရိုက်ချင်စရာစကားတွေပဲလာပြောနေသည့်သူ့ကို မျက်စောင်းထိုးကာ

"ဟွန့်..အိမ်ထဲဝင်ပါအုံးလား "

"တော်ပါ..မဝင်တော့ဘူး..အိမ်ရှင်ကိုယ်တိုင်ကဘာလာလုပ်တာလဲဆိုပြီး ရင်ဝကိုခြေထောက်နဲ့ဆောင့်ကန်လိုက်သလိုပြောပြီး အခုမှ အိမ်ထဲဝင်ပါအုံးလားတဲ့" ဟု မဲ့ရွဲ့ကာပြောလိုက်တော့ တီချာ့်တူမလေးက

"တီထူး..မခေါ်လည်း..သမီးခေါ်ပါတယ်.ဦးဦးရဲ့ အိမ်ထဲကိုဝင်ပါအုံးနော်" ဟု ပြောနေသည့် ချစ်စရာကောင်းစွာ စကားတတ်သည့် တီချယ့်တူမလေးကို ကောက်ချီလိုက်ပြီး

"သမီးခေါ်လို့ဦးဦးအိမ်ထဲဝင်မယ်...သမီးရဲ့အန်တီရဲ့ဝတ်ကျေတန်းကျေ အိမ်ထဲဝင်ပါအုံးလားဆိုတဲ့စကားကြောင့်မဟုတ်ဘူး" ဟု ဆိုလိုက်သောအခါ တီချယ့်မျက်နှာ လငမုတ်ဖမ်းသလိုမျက်နှာဖြစ်သွားပြီး..တီချယ့်တူမလေးကတော့ ခေတ်တို့နှစ်ယောက်ကိုကြည့်ကာ တခစ်ခစ်နဲ့ရယ်နေသည်..

အိမ်ထဲကဧည့်ခန်းကိုရောက်တော့ တီချယ့်မိဘတွေနဲ့တီချယ့်အကိုလင်မယားနှင့်အတူ တီချယ့်အစ်မကိုပါတွေ့ရသည်...ခေတ်ကိုတွေ့တော့ တီချယ့်အကိုက

"လာ..လွင်ဘုန်းခေတ်...ထိုင်ပါအုံး..မင်းရဲ့တီချယ်အပြင်မှာ တွေ့ခဲ့လား" ဟုဆိုလာသဖြင့်

နင်သာရှိရင်Where stories live. Discover now