Part 6

724 67 3
                                    

တီချယ်နှင့်လွင်ဘုန်းခေတ်တို့နှစ်ဦး ကျောင်းသို့ရောက်လာတော့ ထက်မွန်ဆွေနှင့်ဂျူးမြတ်တို့နှစ်ယောက်ရောက်နေပြီ..

"ဟိုမှာ..ထက်မွန်ဆွေနဲ့ဂျူးမြတ်ထက်တို့ရောက်နေပြီ..သူတို့ဆီသွားတော့..တီချယ်လည်း နားနာခန်းကိုသွားတော့မယ်" ဟု ဆိုကာ ထွက်သွားသည့်တီချယ့်ကိုငေးရင်း..ထက်မွန်ဆွေတို့အနားသို့ရောက်လာခဲ့သည်...

"ဟဲ့...ခလုတ်တွေလည်းတိုက်နေပါအုံးမယ် လွင်ဘုန်းခေတ်ရယ် အနောက်မှာဘာကျန်ခဲ့လို့ငေးနေတာလဲ" ဟု ဂျူးမြတ်ထက်က နောက်နေပေမယ့် ထက်မွန်ဆွေရဲ့မျက်နှာကတော့ မရွှင်လန်းပေ..

"ငါ့ကိုနောက်မနေနဲ့..နင့်ဘေးကထက်မွန်ဆွေရဲ့မျက်နှာကိုလည်းကြည့်အုံး..အီးမှန်ထားတဲ့မျက်နှာနဲ့" ဟု လွင်ဘုန်းခေတ်ဘက်ကဟာသတွေပြောနေပေမယ့်..မရယ်မပြုံး..ဘာမှပြန်မပြောပဲ..တည်တည်ကြီးနေနေသည်...

တစ်ဖက်တွင်လည်း.အိမ့်သော်တာနှင့်လွင်ဘုန်းခေတ်တွဲနေတာကို အိမ့်ကြည်ဖြူတစ်ယောက်သိရှိသွားလေသည်..ထို့ကြောင့်လွင်ဘုန်ခေတ်ကို အတန်းထဲတွင်အရှက်တကွဲအကျိုးနည်းဖြစ်အောင်ကြံစည်ထားလေသည်...

လွင်ဘုန်းခေတ်တို့မနက်ပိုင်းစာသင်ပြီးထမင်းစားကျောင်းဆင်းချိန်မုန့်စျေးတန်းမှာ
မုန့်သွားဝယ်နေတုန်း....အိမ့်ကြည်ဖြူတစ်ယောက်..လွင်ဘုန်းခေတ်ရဲ့ ကျောပိုးအိတ်ထဲသို့ ရွှေလက်စွပ်တစ်ကွင်းကိုထည့်လိုက်ကာ သူ၏အတန်းထဲသို့ပြန်သွားလေသည်..

လွင်ဘုန်းခေတ်တို့မုန့်စျေးတန်းကပြန်လာပြီးနောက် ကျောင်းတက်ခေါင်းလောင်းထိုးချိန် ဘာသာရပ်သင်ဆရာမရောက်လာပြီးစာသင်နေတုန်း..အိမ့်ကြည်ဖြူမှ

"ဆရာမ..သမီးရဲ့လက်စွပ် လွယ်အိတ်ထဲထည့်ထားတာပျောက်သွားလို့" ဟု ဘာသာရပ်သင်ဆရာမအား တိုင်လေသည်..ထိုအခါဆရာမမှ..

"လွယ်အိတ်ထဲမှာ သေချာရှာရဲ့လားသမီး"

"ဟုတ်..ဆရာမ သမီးသေချာရှာပါတယ်"

"သမီးလွယ်အိတ်ပေး..ဆရာမရှာပေးမယ်" ဟု ဆရာမကိုယ်တိုင်ရှာသော်လည်းမတွေ့သောကြောင့်..ဆယ်တန်းအတန်းပိုင်ဆရာမကိုသွားခေါ်ခိုင်းလေသည်..

နင်သာရှိရင်Where stories live. Discover now