Part 15

1K 82 4
                                    

ခေတ်နဲ့တီချယ် Pan Pacific Hotelမှာ Wedding dinnerနေ့ကစပြီးတစ်ပတ်တိတိတည်းပြီးနောက် ခေတ်တို့အိမ်သို့ပြန်လာကြသည်...သျှောင်နောက်ဆံထုံးပါ ဆိုသည့်အတိုင်းတီချယ်သည်...ခေတ်တို့အိမ်တွင်သာလိုက်နေသည်....

ကလေးကိစ္စကိုလည်း..လူကြီးတွေကိုအသိပေးပြီး ဘန်ကောက်သို့သွားကာ အနားယူနေခဲ့သည် ပြန်ရောက်တော့လည်း ဘန်ကောက်သို့ဟန်းနီးမွန်းထွက်ရင်း IVFနှင့်ကလေးယူလာခဲ့သည်ဟု သတင်းလွှင့်ထားလိုက်သည်..

အန်တီလေးသည် ကုမ္ပဏီကိစ္စတွေနှင့်အမြဲခရီးထွက်နေရခြင်းကြောင့်အိမ်မှာအမြဲမရှိပေ...နှစ်ယောက်သားခြံထဲတွင်ထိုင်နေကြရင်း...

"တီချယ်...ဒီနေ့ကစပြီးနွားနို့သောက်ရမယ်နော်"

"နွားနို့လား..မသောက်ချင်ပါဘူး..မကြိုက်ဘူး" ဟု ဘောက်ဆက်ဆက်ပြောနေသည့်တီချယ့်ကို

"မသောက်ချင်လို့မရဘူး..တီချယ်ကျန်းမာမှအထဲကကောင်လည်းကျန်းမာမှာလေ..ဒါကြောင့်မကြိုက်လည်းသောက်လိုက်ပါ"

"ဪ...ရှင်ကကျွန်မကိုကျန်းမာစေချင်လို့မဟုတ်ဘူး...ကျွန်မဗိုက်ထဲကရှင့်ကလေးကျန်းမာအောင်လို့သောက်ခိုင်းတာပေါ့..ဟုတ်လား" ဟု ရစ်နေသဖြင့်

"ဟာ..မရစ်နဲ့ဗျာ..ကိုယ်ချစ်လို့လက်ထပ်ထားတဲ့အမျိုးသမီးကို ကျန်းမာစေချင်လို့သောက်ခိုင်းတာလေ"

"ဪ..ရှင်ကအခု ကျွန်မကိုစိတ်မရှည်တော့ဘူးလား ..ပြော" ဟုသူ့ကိုရစ်နေတော့

"အဲ့လိုမဟုတ်ပါဘူး...မောင်က တီချယ့်အပေါ်မှာစိတ်ရှည်ပြီးသား...တီချယ့်ကို မောင်အရမ်းချစ်တာယုံနော်" ဟု ရစ်နေသည့်လှမြတ်ကို ချော့နေသည့်သူ့ပုံစံမှာ ချစ်စရာကောင်းနေသည့်အတွက် သူ့ရဲ့ပါးလေးကိုနမ်းလိုက်တော့ ပြုံးသွားသည့်သူ့ရဲ့အပြုံးတွေဟာ လှမြတ်အတွက်တော့ စွဲလမ်းစရာကောင်းလှသည်..

"တီချယ်မဟုတ်တဲ့တခြားသူတွေရှေ့မှာ..မောင်အခုလိုရယ်မပြနဲ့ မောင့်ရဲ့အပြုံးတွေက တီချယ့်အပိုင်ပဲ..မှတ်ထားနော်"

"ဟုတ်ပါပြီဗျ..မောင့်ရဲ့အပြုံးတွေကလည်း..တီချယ့်အတွက်ပဲဖြစ်စေရမယ်..အခုတော့နွားနို့သောက်ဖို့အတွက်မငြင်းနဲ့တော့နော်"

နင်သာရှိရင်Where stories live. Discover now