Part 11

1K 77 3
                                    

ဆိုင်းမဆင့်ဗုံမဆင့်ဖြင့်ပြန်ရောက်လာပြီးအိမ်ပေါ်သို့တက်သွားသည့် လွင်ဘုန်းခေတ်ကိုကြည့်ကာ တစ်ခုခုဖြစ်လာသည်ဟု ဒေါ်ယမင်းသစ်ကောက်ချက်ချလိုက်လေသည်...ထို့​ကြောင့်လွင်ဘုန်းခေတ်နောက်သို့လိုက်ကာ

"ခေတ်လေး..ဘယ်လိုဖြစ်လို့ပြန်လာတာလဲ မနေ့ကသွားခါနီးဖုန်းဆက်ပြောတုန်းက တစ်ပတ်လောက်နေမှာဆို" ဟု မေးလေရာ ဘာမှပြန်မပြောသည့်သူ​ကြောင့် ပြန်လှည့်ထွက်မည်အလုပ်

"တီလေး.." ဟု ခေါ်သဖြင့်ကြည့်လိုက်ရာ

"ဘာပြောမလို့လဲ ခေတ်လေး"

"မနေ့ညက အရက်မူးပြီး တီချယ့်အပေါ်အလိုမတူပဲ အမှားတစ်ခုကျူးလွန်ခဲ့တယ် အဲဒါတီချယ့်ကို ခေတ် တာဝန်ယူပါရစေပြောတာ ဘာမှမဖြစ်ခဲ့ဘူးလို့ပဲသတ်မှတ်လိုက်မယ်ဆိုပြီး..ရန်ကုန်ကိုပြန်ဖို့အတင်းနှင်လွှတ်တယ်" ဟု ပြောပြီးငိုနေသည့်လွင်ဘုန်းခေတ်ကို..ဖက်လိုက်ကာ

"ဘာမှစိတ်မပူနဲ့တီလေးအားလုံးဖြေရှင်းပေးမယ်...ခေတ်လေးသာ ကိုယ့်အမှားကိုယ်တာဝန်ယူဖို့ပြင်ထားပါ ပြီးတော့ သမီးလှမြတ်အပေါ်မှာလည်း ချစ်ခင်မြတ်နိုးပေးပါ့မယ်လို့ ကတိပေးပါ"

"ဟုတ်ကဲ့ပါ...တီလေး ခေတ်ကတိပေးပါတယ်" ခေတ်၏ကတိစကားကိုကြားတော့ ဒေါ်ယမင်းသစ်တစ်ယောက်ကျေနပ်သွားလေသည်..

သူ့အနေနှင့်လွင်ဘုန်းခေတ်ကို လှမြတ်နဲ့သာသဘောတူထားခြင်းဖြစ်သည်...ယခုလိုကိစ္စတွေဖြစ်လာခဲ့တော့ အခုချက်ချင်းလှမြတ်တို့အိမ်သို့သွားကာ လွင်ဘုန်းခေတ်နှင့်လှမြတ်ကိုလက်ထပ်ပေးရန်စကားကြောင်းလမ်းရမည်ဖြစ်သည်..

.................

လှမြတ်နှင့်လွင်ဘုန်းခေတ်မတွေ့တာ ဒီနေ့ဆိုတစ်လပြည့်ပြီဖြစ်သည်...ဒီနေ့အိမ်ကအရေးကြီးကိစ္စရှိလို့အိမ်ကိုအမြန်ပြန်လာခဲ့ပါလို့ဖုန်းလှမ်းဆက်တာကြောင့် အိမ်ကိုပြန်ရောက်နေခြင်းဖြစ်သည်...

"၅ရက်နေ့ကျရင် dinnerပွဲတစ်ခုသွားစရာရှိလို့ သမီးကိုလှမ်းခေါ်တာ" ဟု ဖေဖေဘက်ကပြောလာသဖြင့်

"ဟုတ်ကဲ့ပါ  ဖေဖေ"
Dinnerပွဲတစ်ခုသွားဖို့အတွက်လှမြတ်ကိုလှမ်းခေါ်သည်ကထူးဆန်းနေသည်..၅ရက်နေ့ရောက်ဖို့ဆိုရင်လည်းတစ်ပတ်လိုသေးသည်..
အိမ်သားအားလုံး၏မျက်နှာကိုကြည့်တော့လည်းပုံမှန်အတိုင်းဖြစ်သည်...စကားနည်းသည့်လှမြတ်၏မမကြီးက

နင်သာရှိရင်Where stories live. Discover now