Part 12

1K 76 4
                                    

နန်းနှင့်ခေတ်တို့နှစ်ယောက်လုံးကို လူကြီးတွေကပြောစရာရှိသည်ဆိုတာကြောင့် နန်းတို့အိမ်တွင်ခေတ်ရောက်နေသည်...နန်း၏တူမလေးက

"ဦးဦး...တီထူးကသူ့အခန်းထဲမှာ လာ သမီးနဲ့လိုက်ခဲ့" ဟု လက်ကိုဆွဲကာ အိမ်ပေါ်ထပ်ကတီချယ့်အခန်းသို့ခေါ်လာသဖြင့် ထိုကလေးခေါ်ရာနောက်သို့လိုက်လာခဲ့သည်

လှမြတ်အခန်းအပြင်ထွက်ဖို့တံခါးဖွင့်လိုက်တော့ အခန်းရှေ့မှာ လှမြတ်ရဲ့တူမလေးနှင့်လှမြတ်၏ချစ်သူလေးရောက်နေသည်..ထို့ကြောင့်အံသြသွားပြီး

"ဟင်..အခုပဲအိမ်အောက်ဆင်းလာတော့မလို့"

"ဒီမှာ...တီချယ့်တူမလေးက တီချယ်အခန်းထဲမှာရှိတယ် သူနဲ့လိုက်ခဲ့ဆိုပြီးလက်ဆွဲခေါ်လာလို့လိုက်လာတာ" ဟု ပြောရင်းကလေးကိုကောက်ချီလိုက်သည်

"ဟုတ်တယ်..တီထူးရဲ့ ဦးဦးက ထိုင်နေရင်းနဲ့အိမ်ပေါ်ကိုပဲငေးနေလို့ဖေဖေက တီထူးအခန်းဆီဦးဦးကိုခေါ်သွားဖို့ပြောလို့ ခေါ်လာတာ.." ဟု ပြောနေသည့်စကားကြောင့်ခေတ်မှာမျက်နှာပူလာသည်...

"တော်ပြီ..ဒီအိမ်မှာသာဆက်နေရင် ကျွန်တော့်မျက်နှာဘယ်ထားရမှန်းမသိလို့ပြန်တော့မယ်" ဟု ရှ​က်ရမ်းရမ်းကာပြောနေသည့်သူ့ကို နောက်ချင်လာသဖြင့်

"ဘယ်လောက်တောင်မှအိမ်ပေါ်ကိုငေးမျှော်နေလို့ ဘေးကလူတွေရိပ်မိကုန်တာလဲမသိဘူး"

"ဟာဗျာ...တီချယ်ကလည်း" ဟု လည်ပင်းအနောက်ကိုလက်နဲ့ပွတ်ကာ ခေါင်းငုံ့ထားပြီးရှက်နေသည့်သူမှာ အရင်ကလွင်ဘုန်းခေတ်ဟုတ်လို့လားဟုတောင်တွေးမိသည်..

"ကလေးကိုအောက်ချပေးလိုက်..သမီးလေးအိမ်အောက်မှာသွားဆော့နေနော်" ဟု တီချယ်ပြောတာကြောင့် ကလေးကိုချီထားရာမှအောက်ချပေးလိုက်တော့ ကလေးကအိမ်အောက်သို့ပြေးဆင်းသွားသည်

"သမီးလေး..ဖြေးဖြေးဆင်း ချော်လဲမယ်" ဟု ကလေးကိုလှမ်းပြောလိုက်ပြီးတီချယ့်ကိုကြည့်လိုက်တော့

"လာ..အခန်းထဲလိုက်ခဲ့" ဟု ခေါ်သဖြင့် ခုနကခေတ်ကိုနောက်ထားသည့်တီချယ့်ကိုပြန်နောက်သည့်အနေဖြင့်

နင်သာရှိရင်Where stories live. Discover now