Part 14

1.1K 80 4
                                    

မနက်ခင်းနေရောင်ခြည်သည် ပြုတင်းပေါက်မှန်မှတဆင့် ကုတင်ပေါ်ရှိခေတ်တို့နှစ်ဦးထံကျရောက်လာသည်...

နေရောင်ခြည်၏အလင်းရောင်ကြောင့် ခေတ်နိုးလာခဲ့ပြီး..ရင်ခွင်ထဲမှာဖက်ထားသည့်သူကိုကြည့်မိတော့နှစ်ချိုက်စွာအိပ်ပျော်နေတုန်းဖြစ်သည်

ထို့ကြောင့်ရင်ခွင်ထဲကသူနိုးမှာစိုးသောကြောင့် အသာလေးငြိမ်နေကာ သူနိုးလာမည့်အချိန်အထိစောင့်နေလိုက်သည်...သိပ်မကြာခင်..လှုပ်လှုပ်ရွရွဖြင့်နိုးလာပြီး

"Morning မောင်"

"Morning မောင့်ရဲ့အိပ်ပုပ်လေး" ဟု ဆိုလိုက်ရာ အိပ်နေရာမှထထိုင်လိုက်ပြီး

"ဘာ..အိပ်ပုပ်လဲ အခုလိုအိပ်ယာထနောက်ကျရတာဘယ်သူ့ကြောင့်လဲ အာ့" ဟု ခေတ်ကိုပြောနေသည့် တီချယ့်ထံမှတစ်ချက်ညည်းသံကြားလိုက်ရသောကြောင့်

"ဘာဖြစ်တာလဲ တီချယ်" ဟု စိုးရိမ်ကြီးစွာဖြင့်မေးလိုက်ရာ

"ဘာဖြစ်ရမှာလဲ အဲဒါမောင့်ကြောင့်လေ" ဟု ပြန်ရန်တွေ့နေသဖြင့် ထိုအခါမှခေတ်မှာသဘောပေါက်ကာ

"ဪ..တောင်းပန်ပါတယ်နော် မောင့်ရဲ့အမျိုးသမီးလေး"ဟု ပြောကာဖက်လိုက်လေသည်...

လှမြတ်အတွက်တော့ ကိုယ်ချစ်ရသူနဲ့အတူဘဝအသစ်စဖို့နိုးထခဲ့ရသည့်မနက်ခင်းသည် အင်မတန်မှကြည်နူးစရာကောင်းလှသည်..ဒါ့ကြောင့်လှမြတ်ကိုဖက်ထားသည့်သူ့ရဲ့ပါးကိုနမ်းလိုက်ပြီး

"အရမ်းချစ်တယ် မောင်"

"မောင်လည်း...တီချယ့်ကိုအရမ်းချစ်တယ် မောင်တို့ဘယ်တော့မှမခွဲဘူးနော် မောင့်အနားမှာတီချယ်သာရှိရင် မောင်ဘယ်အရာကိုမဆိုကျော်ဖြတ်နိုင်တယ်"

"တီချယ်လည်းမောင်နဲ့အတူတူ အခက်အခဲအားလုံးကိုကျော်ဖြတ်ချင်ပါတယ်" ဟုဆိုကာ နှစ်ယောက်သားနေ့သစ်တစ်ခုကိုစတင်လိုက်ကြသည်...

*********

ဂျူးမြတ်ကို လွင်ဘုန်းခေတ်တစ်ယောက် သူ၏အတွင်းရေးမှူးမနန္ဒာနှင့်အခေါ်တော်ပါးလိုက်သဖြင့် လွင်ဘုန်းခေတ်တို့တည်းနေသည့် Pan Pacific Hotelသို့လိုက်လာခဲ့သည်..

နင်သာရှိရင်Where stories live. Discover now