Part 16

897 72 5
                                    

တီချယ့်ကိုယ်ဝန်မှာ ၇လကျော်ပြီဖြစ်တာကြောင့်အထူးဂရုစိုက်ပေးနေရသည်...ဗိုက်ထဲက ကလေးကယောက်ျားလေးဖြစ်တာကြောင့်..ခေတ်ရဲ့အန်တီလေးနှင့်တီချယ့်မိဘတွေမှာ..မမွေးသေးသည့်ကလေးကိုသည်းသည်းလှုပ်ကာတီချယ့်ကိုဂရုစိုက်နေကြသည်

သူတို့တွေကြောင့်ခေတ်မှာတီချယ့်အနား..မကပ်ရပေ..တီချယ့်ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ..တီချယ့်မိဘတွေနှင့်တီချယ့်အစ်မမှာ..ခေတ်တို့အိမ်မှာလာနေပြီး..သူတို့သမီးအနားမှာအချိန်ပြည့်ရှိနေသည်...

အဆိုးဆုံးကတော့..အခန်းခွဲနေရခြင်းဖြစ်သည်...အခန်းထဲကကုတင်ပေါ်မှာလှဲနေတုန်း..အခန်းထဲကိုတီချယ်ဝင်လာတာကြောင့်

"ဘာလာလုပ်တာလဲ ကိုယ့်အခန်းမှာပဲကို​ယ်နေ" ဟု ခပ်မာမာမေးလိုက်ရာ ကုတင်ပေါ်မှာလာထိုင်ပြီး

"ဟာ..အော်တယ်...မချစ်တော့ဘူးလား...အင်းပါ...ကျွန်မက ကိုယ်ဝန်ကြီးနဲ့ဆိုတော့..မလှတော့လို့ ရှင်ကကျွန်မကိုမချစ်တော့တာဖြစ်မယ်" ဟု တီချယ့်ဆီကချွဲတဲ့စကားကိုကြားရတော့...သဘောကျစွာရယ်မိသည်...

"ဟား...အရမ်းချွဲတာပဲ...မောင်က မောင်လက်ထပ်ထားတဲ့သူကိုမှမချစ်ရင်ဘယ်သူ့ကိုချစ်ရမလဲ..ပြော"

"မသိဘူးလေ...မောင့်ရဲ့ကုမ္ပဏီဝန်ထမ်းထဲမှာကောင်မလေးချောချောလေးတွေအများကြီးပဲ...သူတို့ကိုသွားချစ်ရင်ချစ်မှာပေါ့..မောင်အခုတလော..သဲငယ်အနားကိုလည်းမလာ ဘူး "

"သဲငယ်ထင်သလိုမဟုတ်ရပါဘူး...မောင်..သဲငယ်ရဲ့အနားကိုကပ်လို့မှမရတာ..သဲငယ်အနားမှာ..သဲငယ်ရဲ့အမေနဲ့အစ်မက အချိန်ပြည့်ဂရုစိုက်ပေးနေတာလေ သဲငယ်အနားမှာကပ်နေရင်လည်း မောင့်ရဲ့အန်တီလေးကမောင့်ကိုမောင်းထုတ်တယ်လေ အဆိုးဆုံးက အခန်းခွဲနေရတာပဲ..သဲငယ်ကို မောင်ကဘာလုပ်မှာကျနေတာလဲမသိဘူး ကိုယ့်မိန်းမအနားကိုယ်နေတာတောင်နေခွင့်မရှိဘူး" ဟု ရှင်းပြနေသည့်သူ့ကိုကြည့်ကာ လှမြတ်သနားမိသည်....ဒါကြောင့်

"ဟိုဘက်တိုး...မောင့်ကိုသနားလို့ ဒီညမောင့်ဘေးမှာအိပ်ပေးမယ်" ဟု ပြောကာ..ကုတင်ပေါ်လှဲအိပ်ပြီး..သူ့ရင်ခွင်ထဲသို့တိုးကာအိပ်မိသည်...

နင်သာရှိရင်Where stories live. Discover now