လွင်ဘုန်းခေတ် ရန်ကုန်ကိုပြန်တော့မည်ဆိုတာကြောင့် လွင်ဘုန်းခေတ်ကိုနှုတ်ဆက်ဖို့ဂျူးမြတ်နှင့်ထက်မွန်ဆွေတို့နှစ်ယောက်လုံးရောက်လာကာ..
"ဟဲ့..လွင်ဘုန်းခေတ် နင်ဟိုရောက်ရင်ငါတို့ကိုမေ့မသွားနဲ့နော်" ဟု ဆိုကာ..လွင်ဘုန်းခေတ်နှင့်အတူငိုကာဖက်ထားကြလေသည်..
"ဟာ..နင်တို့ကလည်းမငိုနဲ့ဟာ..နင်တို့ငိုတော့ငါလည်းငိုချင်တယ်ဟ နင်တို့ကငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေပဲဟာ ငါကဘာလို့မေ့ရမှာလဲ" ဟု ပြောရင်း သူကိုယ်တိုင်လည်းမျက်ရည်တွေကိုသုတ်နေမိသည်
"ဒီမြို့ကနင့်အတွက်စိတ်ဆင်းရဲစရာတွေကြုံခဲ့ရတဲ့မြို့ဆိုပေမယ်...နင်သတိရတဲ့အခါဒီမြို့ကိုလာလည်ပေါ့ ငါတို့ကနင့်ကိုအမြဲကြိုဆိုနေမှာပါ" ဟု ထက်မွန်ဆွေကငိုရင်းပြောနေသည်..
"ငါပြန်လာခဲ့မှာပါ..နင့်အဖေကိုလည်းငါကတိပေးထါးသေးတယ်လေ..ငါပြန်လာခဲ့မယ်စိတ်ချ လာ ငါ့နောက်ခဏလိုက်ခဲ့အုံး" ဟု ဆိုကာထက်မွန်ဆွေကို ဟိုဘက်နားခဏခေါ်သွားပြီးနောက်..
"ဘာလဲဟ နင်ကလဲ"
"ဘာမှမလဲဘူး...နင်နဲ့မအိမ့်သော်တာအဆင်ပြေပာစေနော် ဟဲဟဲ" ဟု ရယ်ပြီးပြောလိုက်သောအခါ
"နင်.မဟုတ်မှလွဲရော "
"အင်း..ငါသိတယ်..မအိမ့်သော်တာကို ငါမကြိုက်ပါဘူး..သူ့အဖေနဲ့သူ့ညီမကိုရွဲ့ပြီးငါတွဲမိသွားတာ အဆင်ပြေပါစေ.."
"အင်းပါ..ဒါနဲ့ငါမေးအုံးမယ်"
"ဟုတ်ကဲ့..မေးပါဗျ..."
"ဆရာမလှမြတ်ထူးကို နင်ဘယ်လိုသဘောရလဲ နင်မကြိုက်ဘူးလား..နင့်အနားမှာအမြဲတမ်းရှိနေပေးတဲ့သူ့ကို" ဟု ဆရာမအတွက်မျှော်လင့်ချက်များရှိမလားဟုမေးလိုက်ရာ
"သူကငါ့ရဲ့အစ်မလိုပဲလေ ဘာလို့သဘောကျရမှာလဲ ပြီးတော့သူကငါ့ဆရာမ ငရဲကြီးလိမ့်မယ်" ဟု ပြောလာသောကြောင့်
ဆရာမအတွက်မျှော်လင့်ချက်မဲ့ကာ"ဪ..အင်းပါ...နင်ဒီမြို့ကိုပြန်လာအုံးနော်" ဟု စကားလမ်းကြောင်း လွှဲလိုက်ရသည်..
တကယ်တော့ကိုယ့်ကိုယ်ကိုညာရတာလည်း..စိတ်ပင်ပန်းမှုတစ်ခုပါပဲ..တီချယ့်ကိုချစ်နေပါလျှက်နဲ့ဆရာမနဲ့တပည့်ဆိုတဲ့စည်းကြောင့်..မချစ်ချင်ယောင်ဆောင်ကာညာနေရခြင်းဖြစ်သည်..