Part 4

752 73 0
                                    

ခေတ်တို့အတူတူထမင်းစားနေကြရင်း...တီချယ်လှမြတ်ထူးက

"ရန်ကုန်ကနေ..နယ်ကိုဘယ်တော့ပြန်မှာလဲ.." ဟု မေးလာသဖြင့်

"မနက်ဖြန်ပြန်မှာ..တီချယ်"

ထိုအခါတီချယ့်မေမေက
"အဲဒါဆို..မင်းရဲ့ဆရာမနဲ့အတူတူပြန်ပေါ့..မနက်ဖြန်..မင်းရဲ့ဆရာမကိုအိမ်ကကားနဲ့လိုက်ပို့မှာ"

"ဟုတ်ကဲ့ပါ..ဆရာမကြီးကရော..ရန်ကုန်ကိုပြန်မလာဘူးလား"

"အင်း..မင်းတို့ဆရာမကြီးက ပြန်မလာဘူး..ပြင်ဦးလွင် သွားတယ်"

ခေတ်ရဲ့အန်တီလေးကကြားထဲကနေစကားဖြတ်ပြီး..

"လှမြတ်ရေ..သူ.နောက်နှစ်ဆယ်တန်းရောက်ရင် သူ့ကိုလှမြတ်နဲ့ပဲအတူခေါ်ထားလိုက်နော်..သူ့အဖေဘက်ကအဒေါ်ကိုလည်း အန်တီပြောလိုက်မယ်.၁၀တန်းကအရေးကြီးတယ် သူနဲ့လှမြတ်အတွက် အန်တီအဲ့မြို့မှာပဲအိမ်တစ်လုံးအခုကတည်းကစီစဥ်ပေးထါးမယ်..ဘာသာရပ်ဆရာမတွေကိုလည်းလှမြတ်ရဲ့အသိထဲကငှားပြီး..သူ့ကိုသီးသန့်သင်ပေးလိုက်နော်"

"ဟုတ်ကဲ့ပါ.အန်တီရဲ့..စိတ်ချပါ.သူ့ကိုအခုတောင်မှခေါ်ထားချင်နေတာ..ထူးချွန်ဖြေဖို့အတွက်သူ့ကိုဆရာမတော်တော်များများကရွေးထားကြတာ"

"အင်း...စာကြိုးစား...မင်းကိုအဲ့မြို့မှာကျောင်းတက်ဖို့လွှတ်လိုက်တာက..လှမြတ်တို့တူရီးတွေရှိနေလို့လွှတ်လိုက်တာ"

"ဟုတ်ကဲ့ပါ..အန်တီလေးရဲ့..သူများအိမ်မှာထမင်းလာစားပြီးစကားတွေများနေတယ်" ဟု ပြောလိုက်သဖြင့်..တီချယ်က

"လူကြီးကိုအဲ့လိုမပြောရဘူးလေ..ထမင်းစားတော့"

"ဟုတ်ကဲ့ပါ..တီချယ်" ဟု ဆိုကာ ခေါင်းကိုငုံ့လျှက်..ထမင်းကိုဆက်စားနေလိုက်သည်

*******************
ခေတ်တို့နှစ်ယောက်အတူတူ ရန်ကုန်ကနေ..နယ်ကိုပြန်လာကြပြီး....တီချယ်ကိုအရင်လိုက်ပို့ပေတီချယ်တို့ဆရာမတွေစုပြီးနေဖို့မြို့ကစီစဥ်ပေးထါးတဲ့အိမ်သို့ကားကိုလိုက်ပို့ခိုင်းလိုက်ပြီး.ကားဆရာကိုပြန်လွှတ်လိုက်သည်.

"တီချယ်..အိမ်မှာဘယ်သူမှလည်းမရှိပါလား"

"အင်း...ဟုတ်တယ်..တခြားဆရာမတွေက အိမ်ပြန်သွားကြတာ..ကျောင်းဖွင့်ခါနီးမှပြန်လာမှာ"

နင်သာရှိရင်Where stories live. Discover now