Part 20

1.7K 82 15
                                    

သားလေးကိုခေါ်သွားသည်ဟု ယူဆလို့ရသည့် ဦးသာထက်တို့ရှိရာသို့ ကားကိုအမြန်ဆုံးမောင်းလာခဲ့သည်...မနန္ဒာတို့ကိုလည်းသက်ဆိုင်ရာကိုအကြောင်းကြားပြီးအနောက်ကလိုက်ခဲ့ဖို့ ဖုန်းဆက်ကာလှမ်းပြောလိုက်ပြီး.videoကင်မရာနှင့်gpsပါသော နောက်ထပ်gpsဦးထုပ်တစ်ခုကို.ဆိုင်မှာဝင်ဝယ်ပြီး.ခေါင်းမှာဆောင်းထားလိုက်သည်.

"တောက်စ်...ငါ့သားတစ်ခုခုဖြစ်လို့ကတော့
ဒင်းတို့မိသားစုကိုလုံးဝအရှင်မထားဘူး" ဟု ပါးစပ်ကအထပ်ထပ်အခါခါကျိန်းဝါးရင်း..ကားကို နှစ်နာရီခွဲသာသာလောက်မောင်းလာခဲ့တာ..ဦးသာထက်တို့သားအဖရှိနိုင်သည့် ဦးမင်းဇင်၏အိမ်သို့ရောက်လာခဲ့သည်..ကားကိုရပ်လိုက်ပြီး..ကားပေါ်ကဆင်းလာတော့

"ဘာကိစ္စရှိလို့လဲ" ဟု ဦးမင်းဇင်၏ခြံစောင့်က စကားကိုခပ်မာမာနှင့်မေးလာခဲ့သည်

"ဦးမင်းဇင်နဲ့တွေ့ချင်လို့ ဦးမင်းဇင်ရှိလား"

"မရှိဘူး..ဧည့်သည်တွေလာလို့ဧည့်သည်တွေနဲ့အပြင်သွားတယ်"

"ဘယ်သွားတာလဲ..ခင်ဗျားသိလား"

"မသိဘူး....မင်းကိုငါ့ရဲ့သူဌေးက တွေ့စရာအကြောင်းမရှိဘူးထင်တယ်"

"ကျွန်တော့်မှာရှိတယ်...အခုဦးမင်းဇင်ဘယ်မှာလဲ..မြန်မြန်ပြော" ဟု ဆိုကာ ထိုလူ၏အင်္ကျီစကိုဆွဲပြီး..ဒေါသကြီးစွာအသံကျယ်ကျယ်နှင့်မေးလိုက်သည်

"ဘာဖြစ်နေကြတာလဲ"

"ဒီကောင်လေး..ဆရာ့ကိုလာမေးနေလို့ကျွန်တော်ကဆရာမရှိဘူးလို့ဖြေတဲ့ဟာ..ဆရာဘယ်သွားတာလဲဆိုပြီး..ရန်လုပ်နေတယ်"

ဒီနေ့ဆေးရုံမှာday offရလို့အိမ်ကိုပြန်လာခဲ့သည်..မေမေတို့နှင့်မတွေ့ရတာကြာလို့စကားတွေပြောနေကြရင်း..အိမ်ရှေ့မှာဆူညံသံကြားလို့..ထွက်ကြည့်တော့ ဖေဖေ့ရဲ့အလုပ်သမားနှင့်ကောင်လေးတစ်ယောက်စကားများနေကြသည်..ဘာဖြစ်နေကြတာလဲ ဟုမေးပြီး ထိုကောင်လေးကိုကြည့်လိုက်ရာ

"ဟင်" ဟု အံသြသွားရသလို ၉နှစ်လုံးသေဆုံးသွားသည့် နှလုံးသားသည် ပိုင်ရှင်နှင့်ပြန်တွေ့သောအခါ...ရင်ခုန်သံတွေပြောင်းလဲမသွားခဲ့ပဲ အခုန်မြန်နေစဲပေ..

You've reached the end of published parts.

⏰ Last updated: Aug 25, 2023 ⏰

Add this story to your Library to get notified about new parts!

နင်သာရှိရင်Where stories live. Discover now