နေ့လည်ထမင်းစားကျောင်းဆင်းချိန်တွင် အားလုံးကိုယ့်အစုနှင့်ကိုယ်ထမင်းစားနေကြသည်...ဂျူးမြတ်က သူတို့နဲ့ထမင်းအတူလာစားဖို့ခေါ်ပေမယ့် ခေတ်တစ်ယောက်တည်းသာ..စားဖြစ်သည်...
ဆွေတို့ထမင်းစားနေတုန်း..အတန်းထဲကလူတွေ တီးတိုးပြောနေသည့်အသံကိုနားစွင့်လိုက်တော့
"ဟဲ့..ဟိုတစ်ယောက်ထမင်းစားတဲ့ပုံစံက သူဌေးပုံစံနဲ့..လက်သုတ်ပဝါကိုပေါင်ပေါ်ခင်းပြီးစားတာဟ" ဟု ပြောနေကြသည်..ဆွေလည်းသူ့ဘက်ကိုလှမ်းကြည့်လိုက်တော့ သူတို့ပြောတဲ့အတိုင်းစားနေသည်...
ဂျူးမြတ်က "ဟဲ့ဆွေ..နင်ဘာကြည့်တာလဲ"
"ဟိုမှာ..အသစ်ရောက်လာတဲ့တစ်ယောက်ထမင်းစားတဲ့ပုံစံကိုကြည့်နေတာ"
"ဪ...လွင်ဘုန်းခေတ်ကိုပြောတာလား"
"အင်း...သူ့ပုံစံကထူးခြားတယ်.သာမန်လူတွေလိုမဟုတ်ဘူး " ဟု ထင်မြင်ချက်ကိုပြောလိုက်သောအခါ
"နင်အမြင်ကျယ်သားပဲ...ဟုတ်တယ်..သူက သူဌေးလေး...သူ့အဖေနဲ့အမေက..သူငယ်ငယ်ကတည်းကဆုံးသွားတာ..သူ့အမေရဲ့ညီမ အပျိုကြီးက သူ့ကိုစောင့်ရှောက်ထားတာ ဟိုတယ်ပိုင်ရှင်တွေလားဘာတွေလားမသိဘူး"
"သူက အခုဒီကျောင်းကိုဘာလို့လာတက်တာလဲ"
"အဲဒါက..သူ့အဖေရဲ့ညီမ ငါတို့ရပ်ကွက်ကအုပ်ကြီးကတော်က သူ့ကိုဒီမှာကျောင်းလာတက်ဖို့ခေါ်ထားတာ သူ့ကိုစောင့်ရှောက်ခွင့်တောင်းတဲ့အနေနဲ့"
ဂျူးမြတ်ရဲ့စကားကိုကြားတော့..ဆွေသူ့ကိုသနားမိသည်..သူ့မှာမိဘမရှိပဲ..အဒေါ်ဖြစ်သူတွေရဲ့စောင့်ရှောက်ခြင်းကိုပဲခံရသည့်သူအနေနဲ့ဘယ်လောက်တောင်စိတ်အားငယ်နေမလဲ..
ရှေ့ဆုံးတန်းက စာအတော်ဆုံးနဲ့ဘဝင်အမြင့်ဆုံး..အိမ့်ကြည်ဖြူတစ်ယောက် Tomboyလေးထမင်းစားနေသည့်အနားသို့သွားကာ
"ဟဲ့...နင်ကငါ့ဦးလေးတွေအိမ်မှာလာကပ်နေတဲ့တစ်ယောက်လား"
ထမင်းစားနေရင်းအနားသို့ရောက်လာကာမေးနေသည့်တစ်ယောက်ကြောင့်..
"ဘာပြောတာလဲ"
"နင်ကငါ့ဦးလေးအိမ်မှာလာကပ်နေတဲ့တစ်ယောက်လားလို့မေးတာလေ..နင်မကြားဘူးလား" ထိုကောင်မလေးစကားကြောင့် တစ်ခန်းလုံး ထိုကောင်မလေးနဲ့ခေတ်ဆီသို့အကြည့်ရောက်နေကြသည်..