Part 7

786 71 1
                                    

လွင်ဘုန်းခေတ် နေ့ခင်းကအဖြစ်အပျက်ကြောင့်.ကြောက်ရွံကာတစ်ညလုံးမအိပ်ပေ..သူ့အဖေဘက်ကအဒေါ်နဲ့လှမြတ်မှာ သူ့ကိုတစ်ညလုံးချော့ပြော၍အိပ်ခိုင်းသော်လည်း.မအိပ်ပေ...ဒေါက်တာပေးထါးသောအိပ်ဆေးကိုတိုက်လိုက်မှအိပ်သွားသည်..အန်တီမြဆိုသူကို

"အန်တီ့ကို သမီးတစ်ခုလောက်မေးလို့ရမလား" ဟု လှမြတ်စကားလမ်းကြောင်းစလိုက်ကာ

"မေးလေ.ရပါတယ်"

"အန်တီ့ယောက်ျားဘက်က ဆွေမျိုးတွေကဘယ်လိုပုံစံတွေလဲ..သမီးပြောချင်တာက..သူတို့စိတ်ထားကိုပြောချင်တာ"

"အင်း...အန်တီပြောပြမယ်...သူတို့ကအတ္တကြီးတယ်လို့ပဲပြောရမလား..အန်တီတို့မှာသားသမီးလည်းမရှိဘူးဆွေမျိုးအရင်းအချာဆိုလို့ ခေတ်လေးတစ်ယောက်ပဲရှိတယ်.အန်တီ့အမျိုးသားဘက်မှာဆို မောင်နှမအရင်းမရှိဘူး..အန်တီ့အမျိုးသားဘက်ကဆွေမျိုးတွေက ခေတ်လေးဒီမှာကျောင်းလာတက်တာကိုမကြိုက်ကြဘူး ဘာလို့ဆိုအန်တီ့ရဲ့ဆွေမျိုးအရင်းအချာ.ခေတ်လေးကအန်တီတို့အမွေတွေအားလုံးကိုအပိုင်သိမ်းသွားမှာစိုးလို့" ဟု အန်တီမြဘက်ကပြောလာသောအခါ လှမြတ်တော်တော်လေးကိုအံသြသွားသည်..

"ဟမ်..."

"ဟုတ်တယ်..သမီး...ဒီအမွေတွေကလည်း..ခေတ်လေးရဲ့အဖေက တစ်ခုမှမယူပဲအန်တီ့ကိုပေးခဲ့တာတွေ တကယ်လို့အန်တီပေးရင် ခေတ်လေးကိုပဲပေးမယ်ဆိုတာသူတို့သိတယ် အဲဒါကြောင့် ခေတ်လေးဒီမှာလာနေတာကိုမကြိုက်ကြတာ"

"သူက T&L groupရဲ့ဆက်ခံသူဆိုတာ သူတို့မသိကြဘူးလား သူတို့လေါဘတက်ဒီအမွေတွေကသူ့အတွက် ဘာမှမပြောပလောက်ဘူးဆိုတာ "

"အန်တီသူတို့ကိုမပြောပြဘူး..ခေတ်လေးကလည်းဘယ်သူ့ကိုမှမပြောပါနဲ့လို့ပြောထားတာ အန်တီ့အမျိုးသားကိုတောင်မပြောပြထားဘူး" ဟု ဆွေးရိပ်သန်းနေတဲ့မျက်လုံးတွေနဲ့ပြောပြနေသည့်အန်တီ့ကိုကြည့်ကာ

"ဘာဖြစ်လို့မပြောပြတာလဲ အန်တီ" ဟု မေးလိုက်ရာ

"ခေတ်လေးတို့မိသားစု Car Accidentဖြစ်တဲ့ကိစ္စမှာသူတို့ကိုမသင်္ကါလို့ အထူးသဖြင့်အိမ့်သော်တာတို့ရဲ့အဖေ မင်းဇင်ကိုပိုပြီးမသင်္ကါတာ ခေတ်လေးသာ ဘာအင်အားမှမရှိတဲ့ပုံစံနဲ့နေနေရင် သူ့အဖေအမေသေဆုံးမှုအတွက်သူဘာမှသိမှာမဟုတ်ဘူးလို့ပဲထင်နေမှာ တကယ်တော့ခေတ်လေးဒီမြို့ကိုရောက်လာတာက သူ့အဖေအမေတွေကိစ္စအတွက်စုံစမ်းဖို့လို့အန်တီ့ကိုပြောပြထားတယ်"

နင်သာရှိရင်Место, где живут истории. Откройте их для себя