Part 10

1K 79 10
                                    

တီချယ်နှင့်အတူ ခေတ်နေခဲ့တဲ့မြို့ကအိမ်ကိုရောက်တော့ အရာအားလုံးဟာအရင်အတိုင်းပဲ ခေတ်နေခဲ့တဲ့အခန်းမှာသပ်ရပ်သန့်ရှင်းပြီး ခေတ်ရဲ့စာအုပ်တွေဟာလည်း ခေတ်နေခဲ့တုန်းကအတိုင်းလိုတည်ရှိနေပြီး..ဖုန်တစ်စက်မှမတက်ပေ..တီချယ်သန့်ရှင်းရေးဝင်ပြီးလုပ်ပေးထါးမှန်းသိလိုက်တာကြောင့် ကျေကျေနပ်နပ်ပြုံးလိုက်မိသည်...

"ဘာတွေပြုံးနေတာလဲ " ဟု တီချယ်ဘက်ကမေးလာရာမှ

"ဒီအခန်းကို တီချယ်သန့်ရှင်းရေးဝင်လုပ်ထားတာလား"

"အင်း..ဟုတ်တယ်လေ..တစ်ပတ်တစ်ခါအိမ်သန့်ရှင်းရေးလုပ်တယ် လူမနေတဲ့မင်းရဲ့အခန်းမှာကြွက်တွေဝင်နေမှာစိုးလို့ မင်းအခန်းကိုပါသန့်ရှင်းရေးလုပ်တာ" ဟု မုသားစကားတွေပြောနေမိသည်..

တကယ်တော့ သူ့ကိုသတိရတိုင်းသူ့အခန်းကိုဝင်ပြီး..သူ့ရဲ့စာအုပ်လေးတွေ လက်ရေးလေးတွေ မနက်ပိုင်းအိပ်ရာမနိုးတတ်တဲ့သူ့ကိုဝင်ပြီးနှိုးခဲ့တဲ့အမှတ်တရလေးတွေကိုကြည့်ကာ သူ့ကိုသတိရစိတ်နှင့်ငိုနေခဲ့သည်..

"ကျွန်တော်ညကျရင် တီချယ့်အခန်းထဲတီချယ်နဲ့အတူလာအိပ်မှာနော် တီချယ့်ကိုပြောပြစရာတွေရှိလို့"

"အို..ရှုပ်ရှုပ်ယှက်ယှက်ကိုယ့်အခန်းထဲကိုယ်အိပ်" တကယ်တော့လှမြတ်အကြောင်းလှမြတ်သာသိသည်...တစ်ညလုံးမအိပ်ပဲသူ့ကိုငေးကြည့်နေမည်စိုးသောကြောင့် ယခုလိုပြောလိုက်ရခြင်းပေ...

"မရဘူးဗျာ..လာအိပ်မှာပဲ ဘာလဲတီချယ့်ကိုအပိုင်သိမ်းမှာစိုးရိမ်လို့လား" ဟု တီချယ့်မျက်နှာကိုသိုက်ကြည့်ပြီးပြောလိုက်သောအခါ

"မင်းနော်...ဘာစကားတွေလာပြောနေတာလဲ" ဟု နှုတ်ခမ်းကိုကိုက်ကာ ရန်တွေ့လေသည်

"တီချယ် အိမ်ထောင်မပြုသေးဘူးလား"

"ဘာလို့ပြုရမှာလဲ မင်းသာ ကုမ္ပဏီCEOဖြစ်နေပြီ အနားမှာလက်တွဲဖော်တစ်ယောက်တော့လိုအပ်တယ်" ဟု ထိုစကားကိုလှမြတ်စိတ်ထဲမရှိပဲပြောလိုက်လေသည်..

"ကျွန်တော့်အနားမှာရှိမယ့် လက်တွဲဖော်တစ်ယောက်ကိုကျွန်တော်ရှာတွေ့သွားပြီ အဲဒါတီချယ်သိလား" ဟု တီချယ့်ကိုကြည့်ကာလေးနက်စွာပြောလိုက်လေသည်..

နင်သာရှိရင်Where stories live. Discover now