Ep-2(uni+Zg)🖤

6.5K 459 21
                                    

2

လွန့်ခဲ့သော၂နှစ်က.......

တောင်ကိုရီးယားနိုင်ငံ၏ Top3စာရင်းဝင် J ကုမ္ပဏီကိုဦးဆောင်နေသူမှာ Jeonသခင်မ၏ သားအရင်းကဲ့သို့မွေးစားထားသော Jeon Jungkookပင်​​ဖြစ်လေသည်။ Jeonသခင်မက Jeonအား ငယ်စဥ်ကတည်းထဲကမှမွေးစားထားကာ သားအရင်းကဲ့သို့ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးခဲ့ပြီး မိမိတခွန်းဆိုတခွန်းနှင့်ရအောင် ခေါင်းထဲရိုက်သွင်းပေးခဲ့သူဖြစ်သောကြောင့် အခုချိန်သည့်Jeonသည် အသက်၃၀ ကျော်လင့်ကစား သူ၏မေမေJeonသခင်မက ဒါဆိုဒါဖြစ်အောင် တသွေမတိမ်းလိုက်နာတတ်သူဖြစ်သည်။

Jeon......။မြင့်မားသောအရပ် တောင့်တင်းသော ကိုယ်ခန္ဓာ ဖြင့်ရုပ်ရည်ရူပကာမှာပြည့်စုံရုံတင်မကသေး စီးပွါးရေးအကွက်အကွင်းမြင်တတ်၍ လုပ်ငန်းရှင်တွေကြားပါမကျန် မဒီပျိုလေးတွေကြားမှာပါ နာမည်ကြီးနေသော  ၃၅နှစ်အရွယ်Jeonက အသက်အရွယ်နှင့်မလိုက်အောင် နုပျိုနေသည်။ ဒီလိုရုပ်ရှိရေလျှံသူဋ္ဌေးကြီးJeonတွင် အခုချိန်ထိ ချစ်သူရည်းစားနှင့်အိမ်ထောင်ဖက်ဆိုတာမရှိသေး ဒါကလည်းJeon သခင်မ၏အလိုကျတိုင်းတာဖြစ်သည်။

ကုမ္ပဏီအတွင်းသို့ခြေချလိုက်သည်နှင့် ကုမ္ပဏီအတွင်းမှာရှိတဲ့ ယောကျ်ားရော မိန်းမပါမကျန် ခိုးခိုးကြည့်ရလောက်တဲ့အထိ Jeonက ဆွဲဆောင်နိုင်သည်။ သို့သော် သူ၏ အမြဲတစေတွန့်ချိုးထဲသို့မျက်ခုံးတန်းနှင့် တင်းနေအောင်စေ့ပိတ်ထားသော နှုတ်ခမ်းပါးတစ်စုံကြောင့် Jeonသည် သူဋ္ဌေးတစ်ဦး၏အရှိန်အဝါအပြင်သူ၏ကိုယ်ပိုင်အရှိန်အဝါကြောင့် သူ့ထံသို့မည်သည့်မိန်းကလေးမှအလွယ်တကူမချဥ်းကပ်ရဲ.....။Jeonကိုယ်တိုင်ကလည်း တယောက်သောသူကိူသာ သူရင်ထဲတွင်နေရာပေးထားလေသည်။

ကုမ္ပကီ၏ဓာတ်လှေကားထဲသို့ဝင်လိုက်သောအခါအနောက်မှလိုက်ပါလာသော အတွင်းရေးမှူး Jung Heoseokက နံပါတ် ၂၂အားနှိပ်လိုက်သည်။ ဓာတ်လှေကားတံခါးပိတ်သွားတဲ့အချိန် Jeonက

"မေမေရှိတယ်မလား....."

"ဟုတ်ကဲ့ Jeonသခင်မ ရှိပါတယ်........"

လိုအပ်တာထက်ပို၍တွန့်ချိုးလိုက်သောမျက်ခုံးတန်းတစ်စုံဖြင့် သူ၏မေမေရှိရာ ၂၂ထပ်ရှိ Jeonသခင်မ၏ရုံးခန်းသို့ဝင်သွားလိုက်သည်။အခန်းရှေ့တွင်တံခါးအားအသံပြုကာ အထဲဝင်သွားတော့ အတွင်းရေးမှူးဂျောင်ကအလိုက်သိစွာအပြင်၌ကျန်နေခဲ့သည်။ Jeonသည်အခန်းထဲသို့ဝင်လိုက်သောအခါ Jeonသခင်မက သူလာမည်ကိုကြိုသိနေသကဲ့သို့

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now