Ep-29(uni+Zg)🖤FINAL🖤

8K 456 83
                                    

29

မိုးဖွဲလေးများကျဆင်းနေကာ မှိုင်းညို့အုံ့ဆိုင်းနေသော အေးစိမ့်စိမ့်မနက်ခင်း၌ Jeonတယောက် ဇောချွေးများပျံနေလေသည်။ အ​ေ​ကြာင်းအရင်းကသူ၏အသဲအသက်လူဆိုးကောင်က တညလုံး ဟာလာဟင်းလင်းအနေအထားဖြင့်အချိန်အတော်ကြာရှိနေခဲ့သည့်အတွက် အအေးပတ်ကာ အဖျားတတ်နေခြင်းကြောင့်ဖြစ်သည်။ Jeonသည်ကုတင်ပေါ်ရှိ စောင်အထူကြီးအောက်တွင် လုံးလုံးလေးအိပ်နေသူအား ကိုယ်ပူစမ်းလိုက် ခိုးနမ်းလိုက်ဖြင့် အလုပ်ဖြစ်နေလေသည်။ Jiminက အိပ်နေရာမှ မျက်လုံးများဖွင့်ကြည့်ကာ

"တကိုယ်လုံးညောင်းနေတာပဲ......"

ထိုသို့ပြောတော့Jeonက စောင်အားဖယ်လိုက်ပြီး Jimin၏ခြေထောက်များအားနှိပ်ပေးလိုက်ပြီး

"မင်းကဲထားတာလေ တညလုံး......"

JiminကJeonအားဆူပုပ်ပုပ်ဖြင့်ကြည့်နေပြီး

"အဲ့ဒါကိိုကို့ကြောင့်လေ.....ဘာမှလာမပြောနဲ့ Taehyung တို့ကိုခေါ်ပေး!!"

"ဘာလုပ်မလို့လဲ....အိမ်မှာရှုပ်ရှုပ်ရှပ်ရှပ်တွေမကြိုက်ဖူးနော်.....ဖဲကစားဖို့မစဥ်းစားနဲ့..... ဟယ်လို အတွင်းရေးမှုး Jungလား...... "

"............"

"ဟုတ်တယ် မတွေ့ရတာကြာပြီ ဒါကျနော့်နံပါတ်အသစ်လေ မှတ်ထားလိုက်ဦး"

".........."

"ကိစ္စက အတွင်းရေးမှုးJungရဲ့ကောင်လေးကို အိမ်တော်ကိုလွှတ်လိုက်ပါဦး အိမ်က ကလေးကနေမကောင်းတော့ တွေ့ချင်တယ်ဆိုပြီး ဂျီကျနေလို့...... "

"........"

"ဟိုတ​ယောက်ပါ ပါတယ်နော်......အတွင်းရေးမှုးJungလည်း လာခဲ့ပါလား မတွေ့ရတာကြာတော့ ကုမ္ပဏီကအကြောင်းတွေလည်းသိချင်လို့...... "

"........."

"ကောင်းပါပြီ.....ဒါဆိုထမင်းစားဖိတ်ပါတယ်ဗျာ..."

Jeonသည်ဖုန်းပြောပြီးနောက်

"ခေါ်ထားလိုက်ပြီနော်.... အိမ်မှာလူရှုပ်တာကြိုက်တာမဟုတ်ဘူး.....မင်းကြောင့်မို့လို့"

Jiminက အိပ်နေရာမှထလာပြီး Jeon၏ပေါင်ပေါ်သို့ဘေးတစောင်းထိုင်ကာ လည်ပင်းအားသိုင်းဖက်၍ ပခုံးတွင်ခေါင်းမှီလိုက်ပြီး

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now