Ep-9(uni+Zg)🖤

4.5K 423 11
                                    

9

Jeonနှင့်Jiminသည် Jeonသခင်ဆီသို့သွားလိုက်ကြပြီး Jeonသခင်မက Jiminလက်ထဲမှ ရေခဲမုန့်ခွက်အား မြင်သောအခါ

"ဗိုက်ဆာလို့လား သားလေး......"

"မဟုတ်ပါဘူး.....မဆာသေးဘူး...."

Jiminသည်အရွဲ့တိုက်ခြင်းများမပါ ယဥ်ယဥ်ကျေးကျေးသာပြန်ဖြေမိသည်။ Jeonသခင်မအရှေ့တွင် သူလိမ္မာချင်သည်။ ဘာကြောင့်လဲဆိုတာမသိပင်မယ့်ပေါ့........။

"ဗိုက်ဆာရင် မေမေ့ကိုဖြစ်ဖြစ် Jungkookieကိုဖြစ်ဖြစ်ပြောနော် သားလေး"

"ဟုတ်ကဲ့ပါ Jeon သခင်မ"

Jeonသည် ယဥ်ကျေးနေသောလူဆိုးကောင်အားကြည့်ကာ မျက်ခုံးများပင့်တင်မိသည်။Jeonသခင်မက Jimin၏လက်ထဲမှ ရေခဲမုန့်ခွက်နှစ်ခုအားယူကာ သူမ၏ဘေးရှိစားပွဲပေါ်တွင်တင်လိုက်ပြီး Jimin၏လက်လေးနှစ်ဖက်အား သူမ၏နွေးထွေးသောလက်တစ်စုံဖြင့် ဆုတ်ကိုင်လိုက်ပြီး

"သားလေးနဲ့ မေမေ့သားJungkookieနဲ့ကလက်ထပ်လိုက်ပြီလေ မေမေတို့ကမိသားစုဖြစ်သွားပြီ  အဲ့ဒါကြောင့် မေမေ့ကို မေမေလို့ပဲခေါ်ပါသားရယ် မဟုတ်လည်း သားမာမီကိုခေါ်သလို ခေါ်ချင်လည်းရတယ်လေ......"

Jiminသည်ခေါင်းအားငိုက်စိုက်ထားပြီး အသံတိတ်နေသည်ကိုJeonက

"မေမေကလည်း သူအဆင်ပြေသလိုခေါ်ပါ......."

Jeonသည်စကားဆက်မပြောနိုင်ပဲဖြစ်သွားရသည့်အကြောင်းရင်းမှာ သူ၏မေမေ Jeonသခင်မက သူ့အား ဒုတိယအကြိမ်မျက်လုံးပြူးပြနေခြင်းကြောင့်ဖြစ်သည်။အခုတခါတွင်တော့ အံပါကြိတ်ထားသေးသည်။

နေပါဦး......ငါ​ပြောတာဘာမှားနေလို့လဲ။

"ဒါဆိုလည်း သားလေးအဆင်ပြေသလိုသာခေါ်တော့နော်......"

Jiminသည်Jeonသခင်မအားမရဲတရဲကြည့်ကာ

"ကျနော်......ကျနော် မေမေလို့ပဲခေါ်ပါမယ်"

Jeonသခင်မကပြုံးပြကာခေါင်းညိတ်ပြသည်။Jeonသည် လူဆိုးကောင်အား ကြည့်တော့လူဆိုးကောင်ကလည်း သူ့ကိုပြန်ကြည့်နေသည်။ Jeonသည် Jimin၏မျက်လုံးမှ နှုတ်ခမ်းသို့အကြည့်များရောက်သွားသောအခါ မျက်နှာလွှဲလိုက်မိသည်။ Jiminကတော့ Jeonအားမျက်မှောင်ကျုံ့နေပြီး

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now