Ep27(uni+Zg)🖤

6.6K 444 50
                                    

27

ညနေ၃နာရီတွင်စဲသွားသောမိုးကြောင့် Jeonသည်ခြံထဲသို့ဆင်းလာပြီး မနက်က သူတို့လေ့ကျင့်သည့်နေရာ၌ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ကြည့်နေပြီး မြေကြီးအားဖိနပ်နှင့်ပွတ်ဆွဲကြည့်ပြီး

"တော်သေးတယ် ချော်မနေလို့"

ထို့နောက် အိမ်တော်ထဲသို့ပြန်ဝင်လာပြီး အပေါ်ထပ်သို့တတ်လာသည်။အခန်းထဲရောက်ချိန်တွင် Jiminသည်နိုးနှင့်နေပြီဖြစ်ကာ အိပ်ယာမှ နိုးနိုးချင်းဖြစ်နေသည့်အတွက် မျက်နှာကလေးဆူဆူပုတ်ပုတ်ဖြစ်နေကာရှုပ်ပွနေကျဆံပင်များကလည်း ပို၍ထိုးထိုးထောင်ထောင်။

"နိုးရင်ထတော့ ခြံထဲပြန်ဆင်းရအောင်"

Jiminကပြန်လှဲချလိုက်၍စောင်အထူကြီးထဲသို့တိုးဝင်သွားကာ အပျင်းကြောဆန့်ရင်း

"အိပ်လို့ကောင်းလိုက်တာ ၅မိနစ်လောက်ထပ်အိပ်လို့မရဘူးလား....."

Jeonကကုတင်​ခြေရင်းသို့လျှောက်လာပြီး

"မရဘူး....ညကျအိပ်မပျော်ပဲနေမယ် "

Jeonကဝှီးချဲလ်အား ကုတင်ဘေးနားသို့တွန်းလာချိန်တွင်

*I Love You More Than Life*
ကိုယ်မင်းကိုတဘဝလုံးထက်ပိုချစ်တယ်

Jiminကထိုသီချင်းစာသားအားJeonကိုကြည့်၍ဆိုတော့ Jeonကမျက်ခုံးတွန့်ချိုးလိုက်ကာ

"*I Miss You More Than Life*
ကိုယ်မင်းကိုတဘဝလုံးထက်ပိုသတိရတယ်.... မဟုတ်ဘူးလား"

📌(Ghost-Justin Bieber)

"သတိရတာမှမဟုတ်တာ..... ချစ်တာလေ"

Jeonကခေါင်းခါကာ

"မင်းကိုမနိုင်တော့ဘူး...."

ဟုမချိတင်ကဲရေရွတ်တော့သူ၏လူဆိုးကောင်ကအစွမ်းကုန်ပြုံးပြပြန်သည်။ Jeonသည်Jimin၏အပြုံးတို့အောက်မှာကျရှုံးသွားကာ Jiminအားအချိန်အတန်ကြာသည်အထိငေးကြည့်နေမိလိုက်သည်။

"ကိုကို အဲ့လိုငေးနေတော့ရှက်လာပြီ....."

Jiminကမျက်နှာအားလက်နှစ်ဖက်ဖြင့်အုပ်ကာ ပြောင်စပ်စပ်ပြောတော့ Jeonက မျက်နှာအားချက်ချင်းတည်လိုက်ကာ

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now