Ep-26(uni+Zg)🖤

6.3K 453 76
                                    

26

မနက်၈နာရီအတိတွင်Jeonကအအိပ်မက်သူJiminအား အိပ်ယာနှိုးသည့်လုပ်ငန်းကိုစတင်ရတော့သည်

"Park Jimin ထတော့!"

Jeonသည်တခါခေါ်လည်းမနိုး နှစ်ခါခေါ်လည်းမနိုးသော အိပ်ပုတ်လေးအား စိတ်မရှည်တော့စွာ Jimin၏တင်ပါးအားတချက်ရိုက်လိုက်ကာ

"ထတော့!"

ထိုအခါမှJiminသည်မျက်လုံးနှစ်ဖက်အားလက်ဖြင့်ပွတ်နေပြီး

"အိပ်ချင်သေးတယ်....."

"အဲ့ဒါဆိုလည်းအိပ်လေ.... ငါလည်းသွားတော့မယ်"

Jeon၏အေးတိအေးစက်စကားအဆုံး၌ Jiminကအိပ်နေရာမှ ထထိုင်လိုက်ပြီး

"မသွားနဲ့!! မသွားဘူးလို့ ကတိပေးထားတယ်လေ......"

"မသွားစေချင်ရင်ငါတခွန်းဆို တခွန်းနဲ့ပြီးအောင်နေလေ......မနက်စာစားပြီးရင် လမ်းစလျှောက်ကြမယ်......ဒုက္ခိတ တယောက်နဲ့မနေချင်ဘူးလို့ပြောပြီးသား"

Jeon၏စကား​ကြောင့်လူဆိုးလေး၏မျက်နှာကမှိုင်းပြသွားကာ ခေါင်းအားငုံ့ထားလိုက်သည်။

ဝမ်းမနည်းနဲ့ကလေး မင်းအတွက်ပဲလုပ်နေတာ။

================================

မနက်စာစားပြီးသည်အထိ Jiminကအသံတိတ်နေခဲ့ပြီး စိတ်မကောင်းဖြစ်နေခဲ့သည်။Jeonကအဒေါ်ကြီးစျေးမှပြန်လာသည်ကိုစောင့်နေပြီး စျေးကပြန်လာသည်နှင့်သူမှာထားသောပစ္စည်းပစ္စရာတို့ကိုသေချာစစ်ဆေး၍

"ဒေါ်ကြီး ဖိနပ်ရော....."

အဒေါ်ကြီးကပန်းနုရောင်ဘူးအရှည်လေးအားJeonထံသို့ကမ်းပေးသည်။Jeonကဘူးအားဖွင့်ကာကြည့်လိုက်တော့ အကောင်းစားသရေနှင့်ပြုလုပ်ထားသော ဖိနပ်လေးတစ်ရံ

အဒေါ်ကြီးကပန်းနုရောင်ဘူးအရှည်လေးအားJeonထံသို့ကမ်းပေးသည်။Jeonကဘူးအားဖွင့်ကာကြည့်လိုက်တော့ အကောင်းစားသရေနှင့်ပြုလုပ်ထားသော ဖိနပ်လေးတစ်ရံ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
အမုန်းမှလွန်၍...... (Completed) Where stories live. Discover now