Ep-19(uni+Zg)🖤

4.6K 486 43
                                    

19

"ငါမေးနေတယ် ဖြေလေ!! ကုမ္ပဏီကအပြန်ဘယ်ကို သွားခဲ့လဲ!!"

Jiminက ခေါင်းငုံ့ထား၍ ဘာမှပြန်မဖြေ။

"မီးခံသေတ္တာထဲက ပိုက်ဆံတွေတရွက်တောင်မလျော့ပဲ ကလပ်မှာပိုက်ဆံကျဲတယ်ဆိုတော့ မင်းအဲ့ပိုက်ဆံတွေဘယ်ကရတာလဲ Park Jimin!! မင်းကွာ........ရောင်းစားမယ်ပြောတုန်းက တကယ်ရောင်းလိမ့်မယ် ငါမထင်ထားဘူး.........ငါ့ဒီ productအတွက် ဘယ်လောက်အားစိုက်ထားရလဲ ဘယ်လောက်မျှော်မှန်းထားရလဲ မင်းသိရဲ့လား!!"

Jeonပြောသည့်စကားများအား Jiminက နားမလည်ဖြစ်နေသည်။

ရောင်းစားတယ်.....ဘာကိုရောင်း.......ဘာတွေဖြစ်ကုန်တာလဲ.......။

"ခင်ဗျား ဘာတွေပြောနေတာလဲ ငါနားမလည်တော့ဘူး......"

"ရူးချင်ယောင်ဆောင်မနေနဲ့ Park Jimin!! မနက်က ငါယူခိုင်းလိုက်ပြီး အိမ်မှာပြန်ထားခိုင်းတယ့် fileဘယ်မှာလဲ!! မင်းဘယ်လောက်နဲ့ရောင်းလိုက်တာလဲ.......မင်းကိုကြိုက်သလောက်သုံးဖို့ ငါပေးထားပြီးသား ကြိုက်သလောက်!! မင်းဖြုန်းချင်သလောက်!! ဖြုန်း!! ဒါတောင် မင်းကရောင်းဖြစ်အောင်ရောင်းလိုက်သေးတယ် အဲ့လောက်တောင် ပိုက်ဆံမက်တာလား Park Jimin!!"

Jeon၏စကားများအား လိုက်မှီရန် Jiminအသည်းအသန်စဥ်းစားနေချိန် Jeonပြောလိုက်သည့်စကားကြောင့် ဒေါသထွက်သွားကာ

"ဒီမှာ!! ခင်ဗျားဘာတွေပြောနေလဲ လည်းမသိ....."

Jimin၏စကားမဆုံးခင် Jeonက စားပွဲပေါ်မှ tablet လက်အားJiminလက်ထဲထိုးထည့်ပေး၍

"ဘာတွေပြောနေလဲမသိရင် သေချာကြည့်!!"

Jiminသည် ဖန်သားပြင်ပေါ်မှ သတင်းအားကြည့်ကာ မိမိအမှားမှန်းသိသော်လည်း  မွေးရာပါဗီဇဖြစ်သော အရွဲ့တိုက်ချင်သည့်စိတ်ဖြင့်

"သူတို့ဆီငါမရောင်းဘူး!! အမှန်တိုင်းပြောပြမယ် ပိုက်ဆံတွေကဖဲနိုင်ခဲ့တာတွေ!! ဖဲဝိုင်းမှာ Kim Minwooနဲ့တွေ့ခဲ့တယ် သူယူသွားတာလည်းဖြစ်နိုင်တာပဲ!!အခု King Group က ယူသွားမှန်းသိရင် သူတို့ဆီမှာပြန်တောင်းလိုက်လေ စောက်ရေးမပါတာကို စောက်ပိုစကားတွေအများကြီးလာပြောမနေနဲ့!!"

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now