Ep-28(uni+Zg)🖤

7K 442 90
                                    

28

Jiminသည်Jeonထံသို့ဒုတိယအကြိမ် လျှောက်လှမ်းခဲ့သည်။ခြေလှမ်းတိုင်းအားသေချာထိန်းလာကာ စိတ်အာရုံအစုံတို့ကို  သူ၏ခြေထောက်နှစ်ဖက်၌သာ စုစည်းထားလိုက်သည်။ ၈လှမ်းမြှောက်ခြေလှမ်းတွင် ညာခြေယိုင်သွားကာ သူ၏ဘောင်းဘီစအားတတ်နင်းမိ၍ ချော်လဲသွားပြန်သည်။ Jeonသည်Jiminဆီသို့ပြေးသွားလိုက်ပြီးထူပေးရန်ပြင်တော့ Jiminက ခေါင်းခါပြသည်။ Jeonက

"ဘာလဲ.....ထစမ်း ညစ်ပတ်နေတယ်နော်အောက်က"

"မလုပ်နိုင်ပြန်ဘူး........"

Jiminကငိုသံယှက်နေသောအသံဖြင့် ဆိုတော့Jeonက Jiminရှေ့တွင်ထိုင်ချလိုက်ကာ

"ဒီမှာကြည့် ကိုယ့်ကိုကြည့်...........စိတ်ကိုပျော့မထားနဲ့Jimin....... လုပ်နိုင်တယ်......ဟုတ်ပြီလား ဒီနေ့တော့နားလိုက်တော့မယ် ထ....."

Jiminကမျက်ရည်ရွှဲနေသောမျက်ဝန်းဝိုင်းကြီးများဖြင့်မော့ကြည့်ကာ

"မကိုင်ရတော့ဘူးပေါ့....."

"ကိုင်ရမယ် မငိုနဲ့........ကိုင်ခိုင်းမယ်"

JeonကJiminအားတွဲကာအိမ်တော်ထဲသို့ပြန်ခေါ်လာခဲ့သည်။ ဝှီးချဲလ်သုံးစရာမလိုတော့သည့်Jiminအခြေအနေကတော်တော်လေးတိုးတက်လာသည်ဖြစ်သည်။ တတိယထပ်သို့တွဲခေါ်လာပြီးနောက်အခန်းထဲသို့ဝင်လာတော့Jiminက ကုတင်ပေါ်တွင်မှောက်လျက်လှဲချလိုက်ပြီး မျက်နှာအားခေါင်းအုံးပေါ်တွင်အပ်ထားလိုက်သည်။ Jeon သည် Jiminစိတ်ဓာတ်ကျနေမှန်း သိသောကြောင့် သူပါရော၍စိတ်မကောင်းဖြစ်ရသည်။ Jeonသည်အခန်းထဲမှထွက်ရန်ပြုတော့ Jiminကခေါင်းထောင်ကြည့်လာပြီး

"ဘယ်သွားမလို့လဲ......"

"ပြန်လာခဲ့မယ်....."

Jiminကစောနကအတိုင်းသာပြန်နေ နေလိုက်သည်။ Jeonသည်အောက်ထပ်သို့အလျင်အမြန်ဆင်းလာပြီး ဧည့်ခန်းထဲတွင်သန့်ရှင်းရေးလုပ်နေသော အဒေါ်ကြီးနှင့်စကားပြောပြီးနောက် ခြံထဲရှိဂိုထောင်သို့ အလျင်စလိုပြေးသွားပြန်သည်။ ထို့နောက် ဂစ်တာအမဲလေးတစ်လက်ဖြင့်အိမ်တော်သို့ပြန်ပြေးဝင်လာပြီး တတိယထပ်သို့ပြန်ပြေးတတ်သွားသည်။အခန်းတံခါးအားဖြေးညှင်းစွာဖွင့်လိုက်တော့ ကုတင်ပေါ်တွင်မှောက်လျက်အိပ်နေသော သူ၏လူဆိုးကောင်၏ကျောပြင်လေးက တသိမ့်သိမ့်တုန်ခါနေလေသည်။ Jeonကသက်ပြင်းချလိုက်ပြီး အခန်းထဲသို့ခြေဖွဝင်လာကာ ကုတင်ခြေရင်းတွင်ထိုင်လိုက်ပြီး ဂစ်တာအားကြိုးညှိလိုက်တော့ တုန်ခါနေတဲ့ကျောပြင်လေးကရပ်တန့်သွားသည်။ Jeonသည်လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး သူ၏လက်ချောင်းသွယ်သွယ်တို့အား ဂစ်တာကြိုးပေါ်တွင် နေရာယူလိုက်ပြီး သာယာချိုအေးသောသူ၏အသံဖြင့်

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now