Ep-14(uni+Zg)🖤

5.2K 411 33
                                    

14

ဒီနေ့နဲ့ဆို Jiminကသူ့ကိုရှောင်နေတာ၂ရက်ရှိသွားပြီ.....။ကိုယ်အခန်းထဲမှာရှိနေရင် သူကအခန်းပြင်သွားတယ် ကိုယ်ကအပြင်မှာရှိနေရင်သူကအခန်းထဲဝင်နေတယ် ဒီနေ့တော့မျက်နှာချင်းဆိုင်ရှင်းရတော့မယ် ရှောင်နေရတယ့်အကြောင်းကို.......။Jeonက ရေချိုးခန်းဝင်နေသည့်Jiminအား အခန်းထဲတွင်စောင့်နေခဲ့သည်။Jiminကအဖျားအရှင်းပျောက်သွားပြီဖြစ်သော်လည်း ဒဏ်ရာ၏အမာရွတ်တွေတော့ကျန်နေသေးသည်။ Jiminရေချိုးခန်းထဲမှထွက်လာချိန်၌Jeonအားမြင်သောအခါချက်ချင်းပြန်လှည့်ဝင်မလို့လုပ်တော့Jeonက

"Park Jimin!!"

"ဘာလဲ!!"

"ဒီနားလာခဲ့!!"

"မလာဘူး!!"

"တခွန်းထဲပြောရင်ရနော်.....ငါရိုက်မှ ရိုက်တယ်မပြောနဲ့!!"

Jiminက ဆူပုပ်ဆောင့်အောင့်ကJeonနားကိုရောက်လာတော့

"ငါ့ကိုဘာလို့ရှောင်နေတာလဲ"

"ဘယ်မှာရှောင်နေလို့လဲ!!"

"ငါ့မျက်နှာကိုတည့်တည့်ကြည့်ပြီးပြောစမ်းပါ!! ရင်တုန်တယ်လို့ပြောတဲ့ညထဲက ငါ့ကိုရှောင်နေတာ မဟုတ်လို့လား!!"

"မရှောင်ပါ......"

မှန်တင်ခုံပေါ်တွင်တင်ထားသောJimin၏ဖုန်းမှဖုန်းဝင်လာသဖြင့် စကားပြတ်သွားသည်။Jiminကဖုန်းအားယူကြည့်လိုက်တော့ ခေါ်ဆိုသူကသူ၏မာမီဖြစ်နေတာကြောင့် သက်ပြင်းချလိုက်ကာ မျက်နှာလုံးဝပျက်ယွင်းသွားသည်ကို Jeonက မှန်ထဲမှမြင်လိုက်သည်။

ဒီကောင်လေးအခုရက်ပိုင်းအရမ်းကိုမှိုင်နေတယ်....အထူးသဖြင့် ဖုန်းဝင်လာတဲ့အခါဆိုပိုဆိုးတယ်.....ဖုန်းပြောပြီးရင် ပိုတောင်ဆိုးသွားတယ်.....တကယ်ပဲ ဘာဖြစ်နေတာလဲPark Jimin......။

Jeonက Jiminထံသို့လျှောက်သွားပြီး Jiminလက်ထဲမှဖုန်းအားလုယူလိုက်တော့Jiminက

"ဘာလုပ်တာလဲ!!"

Jeonကဖုန်းမျက်နှာပြင်အားကြည့်တော့ နာမည်မမှတ်ထားပဲ ဖုန်းနံပါတ်သာပေါ်နေသည်။

"ဘယ်သူလဲ!!"

"ငါ့ကိစ္စ!!"

"Park Jimin!!"

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now