Ep-23(uni+Zg)🖤

5K 364 72
                                    

23

Jiminသည်Kim Minwooနှင့်ချိန်းထားသည့်ကလပ်သို့ရောက်လာသောအခါ Kim Minwooက Jimin၏မှောင်မဲနေသောမျက်နှာအားကြည့်ကာ ပြုံးလိုက်ပြီး

"Jimin လာ.....မင်းကိုငါ့ဘော်ဒါတွေနဲ့မိတ်ဆက်ပေးမယ်......."

ထို့သို့ပြောလိုက်ပြီး လည်ဟိုက်ကိုယ်ကျပ်အင်္ကျီနှင့်မိန်းကလေးအား Jiminထံသို့မျက်စပစ်ပြလိုက်သည်။ထိုမိန်းကလေးက Jiminဘေးနားသို့သွားကာ Jimin၏ခါးအားဖက်လိုက်၍ ရင်ဘက်အားသူမ၏လက်ချောင်းသွယ်သွယ်တို့ဖြင့်ပွတ်သပ်ပြီး

"ဟိုင်း....တို့ နာမည်က ဘေဘီတဲ့နော် မှတ်ထားပေးဦး....."

Jiminကထို​ဘေဘီဆိုသည့်မိန်းကလေး၏လက်တွေအားဖယ်လိုက်ကာ

"လာမထိနဲ့ ယောကျ်ားရှိတယ်......"

ထိုအခါဘေဘီဆိုသည့်မိန်းကလေးကJimin၏လည်တိုင်အားသိုင်းဖက်လိုက်ပြီးမျက်နှာချင်းထိလုနီးပါးတိုးကပ်ကာ

"ယောကျ်ားရှိလည်း တို့ ကကောင်းကောင်းပြုစုတတ်ပါတယ်......"

Jiminကထိုမိန်းကလေး၏ခါးအားလက်တစ်ဖက်ဖြင့်ဖက်လိုက်၍သူမ၏နားအနားသို့ခေါင်းငုံ့လိုက်ကာ

"ငါ့ယောကျ်ားလောက် ကောင်းတဲ့သူရှိမယ်မထင်ဘူး......"

ထိုသို့​ပြောပြီး Jiminက ထိုမိန်းကလေးအားတွန်းဖယ်၍ခုံတွင်ဝင်ထိုင်လိုက်သည်။သို့ပေမယ့် မတွန်းဖယ်ခင်မြင်ကွင်းကို တစ်စုံတစ်ယောက်က ဖုန်းဖြင့်ဓာတ်ပုံရိုက်လိုက်တာကိုတော့ ဘယ်သူမှမသိလိုက်ကြ.........ဘေဘီဆိုသည့်မိန်းကလေးက အလျှော့မပေးပဲ Jimin၏ပေါင်ပေါ်တွင်တတ်ထိုင်လိုက်ပြီး

"ဒီကသာ စိတ်ဝင်စားတယ်ဆိုရင် တို့ရဲ့ တညတာလုံးကို ညည်းသံတွေနဲ့အသက်ဝင်စေမှာပါ......."

"ဘယ်လိုလုပ်မလဲ......ငါကလည်းငါ့ယောကျ်ားဆီမှာပဲညည်းရတာကြိုက်တယ်.......ရိုက်မသတ်မိခင် ငါနဲ့ဝေးဝေးမှာနေလိုက်တော့!"

ထိုအခါကြမှ ဘေဘီဆိုသည့်မိန်းကလေးက Jiminပေါင်ပေါ်မှဆင်းလာကာ Kim Minwooအားမျက်နှာမဲ့ပြ၍ တခြားနေရာသို့ထွက်သွားသည်။ Kim Minwooက ဝိတ်တာအားအချက်ပြလိုက်တော့ ဝိတ်တာက Jiminဆီသို့ ပြာလွင်လွင်အရောင်ဖြင့် ကော့တေး တခွက်ယူလာပေးသည်။ Jiminက ထိုကော့တေးအားတစ်ကျိုက်ထဲမော့သောက်လိုက်သည်။Kim Minwooက Jiminအားနှုတ်ခမ်းတစ်ဖက်တွန့်ကွေးကာ ကြည့်နေသည်။ ထို့နောက်

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now