Ep-13(uni+Zg)🖤

5K 575 17
                                    

13

ညဦးယံအချိန်၌ Jeonသည်နှစ်ခြိုက်စွာအိပ်ပျော်နေချိန်၌ သူ၏နားတွင်ညည်းသံများကြားနေရ၍ နိုးလာခဲ့ပြီး သူ၏ဘေးတွင်စောင်ခြုံထဲ၌ကွေးနေသောJimin၏နဖူးအား လက်ဖြင့်စမ်းသပ်လိုက်တော့

"Jimin!! Park Jimin!!......"

"ဒယ်ဒီ........"

Jiminကအဖျားတတ်လာ၍ကယောက်ကတမ်းနှင့်ညည်းနေတော့သည်။Jeonကရေချိုးခန်းထဲသို့အလျင်အမြန်ဝင်သွား၍ ​ရေဇလုံနှင့်သဘက် အသေးလေးအားယူကာပြန်ထွက်လာပြီး Jimin၏နဖူးပေါ်သို့ ရေစိုအဝတ်လေးအုပ်ပေးလိုက်ပြီး

"Jiminရေ......ထ ကလေး ချွေးတွေရွှဲနေပြီ အဝတ်အစားလဲရမယ်....."

Jeonကစိုးရိမ်လွန်နေခဲ့ပြီးJiminအတွက် အဝတ်ဘီဒိုထဲမှ တီရှပ်ပွပွနှင့်ချည်သားဘောင်းဘီအားယူလာ၍ Jiminအားဆွဲထူလိုက်ကာ အဝတ်အစားလဲပေးရန်ပြင်သည်။ Jiminက

"ဒယ်ဒီ.......ဒယ်ဒီ့ကိုမလုပ်ပါနဲ့.......ကယ်ကြပါ ကယ်ကြပါဦး........"

Jiminသည်အိမ်မက်ထဲမှယောင်နေရင်း မျက်ရည်များပါကျလာခဲ့သည်။Jeonက

"Jiminရေ......သတိထားဦးလေ ကလေးလေး...."

Jiminက သတိရတချက်မရတချက် ဖြစ်နေသည့်ကြားမှ Jeonအသံအားကြားသောအခါ

"Jeon......ဒယ်ဒီ့ကိုကယ်ပါဦး.....ကယ်ပေးပါ အဟင့်....... ဒယ်ဒီ.......ဟင့်!"

Jiminကယောင်နေရင်းမှ ငိုတော့သည်။Jungkookက Jimin၏အဝတ်အစားများအားချွတ်နေရင်းမှ Jiminငိုသောအခါ Jiminအားထွေးပွေ့လိုက်ပြီး

"မငိုပါနဲ့ ကိုယ်ရှိတယ်နော်......မငိုရဘူး.......ကလေးကလိမ္မာပါတယ်......နော်"

Jeonသည်Jiminအား ချွေးများသုတ်ပေးပြီး အဝတ်အစားများအလျင်အမြန်လဲပေးလိုက်သည်။ အခန်း၏ အဲယားကွန်းအား လုံးဝပိတ်ချလိုက်ပြီး Jiminအားစောင်ကိုလုံနေအောင်ခြုံပေးကာ နဖူး၊လည်ပင်း၊လက်ဖဝါး၊ခြေဖဝါးများအား ရေစိုအဝတ်ဖြင့် သုတ်ပေးနေချိန်Jiminက

"Jeon......ကျနော်ချမ်းတယ်......"

Jeonကရေဘက်တိုက်နေရာမှ စောင်ထဲသို့ရောဝင်လိုက်ပြီး Jiminအားသူ့ရင်ခွင်ထဲထည့်ကာ Jimin၏ကိုယ်လုံးအား တင်းနေအောင်ပွေ့ဖက်ထားရင်းJimin၏ခေါင်းလေးအားပွတ်ပေးနေလေသည်။ Jiminကလည်း တချက်တချက် ကယောင်ကတမ်းများပြောနေတုန်းပင်.......။
Jeonသည်တစ်ညလုံးမအိပ်ပဲJiminအိပ်နေရင်းမှ ယောင်၍ငိုလျှင် ချော့ကာပြန်သိပ်၍ ချွေးများထွက်လာလျှင် ရေဘက်တိုက်ပေးပြီး အဝတ်အစားများပြန်လဲပေးကာဖြင့်တညလုံးအလုပ်ရှုပ်နေခဲ့သည်။

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now