Ep-17(uni+Zg)🖤

5.2K 574 43
                                    

17

Jeonအိမ်တော်ထဲသို့ကားရပ်သည်နှင့်Jiminကတချိုးထဲအပေါ်ထပ်သို့ပြေးတတ်သွားသည်။Jeonက Jiminအားကြည့်ကာ အနောက်မှပြုံး၍လိုက်သွားသည်။လှေကားထိပ်ရောက်တော့အဒေါ်ကြီးက

"ညစာ ပြင်ထားလိုက်ရတော့မလား Jungkookie"

"ဟုတ်ကဲ့ ပြင်ထားလိုက်တော့နော် "

Jeonအပေါ်ထပ်သို့တတ်လာပြီး အခန်းထဲဝင်လာတော့ သူ၏လူဆိုးကောင်က ကုတင်ပေါ်တွင်တင်ထားသောလက်စွပ်ဗူးများထည့်ထားသည့် အထုတ်တွေအားစပ်စုနေသည်။ Jeonက ကုတင်​ခြေရင်းရှိထိုင်ခုံတွင် ထိုင်လိုက်ပြီး

"မင်းအတွက်ဝယ်လာတာတွေ......ကြည့်ကြည့်ဦး"

Jiminကမျက်လုံးလေးပြူးကာ

"အကုန်လုံးလား!!"

Jeonကခေါင်းညိတ်ပြတော့Jiminက ကုတင်ပေါ်တွင်သေချာအကျအန တင်ပလွေခွေထိုင်လိုက်၍  ပထဆုံး တစ်ဗူးအားဖွင့်ကြည့်ကာ လက်၌စွပ်ကြည့်သည်။ မိမိလက်နှင့်ကွက်တိဖြစ်နေသောအခါ

"ကွက်တိပဲ......လှတယ်"

"မင်းကြိုက်လား"

"ကြိုက်တယ် ကြိုက်တယ်"

Jiminကစိတ်လှုပ်ရှားဟန်ဖြင့်ပြော၍ နောက်တစ်ဗူးအားဖွင့်ကြည့်ပြီး

"ဒါလေးလည်းလှတာပဲ......ဒါတွေအကုန်လုံးငါ့အတွက်လား"

"အင်း...."

"လက်စွပ်တွေကိုတော့​ကြိုက်ပင်မယ့်  မနက်ကကိစ္စကိုတော့မကျေနပ်ဘူးနော် ငါ့ကိုမောင်းထုတ်တာ!!"

"မင်းကိုမောင်းထုတ်တာမဟုတ်ပါဘူး......မင်းပြောတာတွေကအကြီးတယောက်ကိုပြောဖို့ဆိုတာမသင့်တော်ဘူးလေ အဲ့ဒါကြောင့်......"

"တော်ပါဗျာ......Taeနဲ့ယူဂျင်းကို တစ်ကွင်းစီပေးလို့ရလား သူတို့လည်းဒါမျိုးကြိုက်ကြတယ်"

"သဘော....သဘော....မင်းသဘော"

Jiminက စိတ်ကြိုက်ရွေးပြီးနောက် လက်စွပ်ဗူးလေးနှစ်ဗူးအား မီးအိမ်စားပွဲပေါ်သို့တင်လိုက်ပြီး ကျန်သည့်ဗူးများအားဘီဒိုထဲတွင်နေရာချနေလေသည်။ Jeonကတယောက်ထဲအလုပ်ရှုပ်နေသောJiminအားကြည့်ကာ သူကိုယ်တိုင်မသိလိုက်ခင်မှာပဲ Jiminအရှေ့သို့ရောက်နေမိ၏။Jiminက ကုတင်ပေါ်မှ လက်စွပ်ဗူး၅ဗူးအားပိုက်ထားကာ

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now