Ep-22(uni+Zg)🖤

5.8K 409 55
                                    

22

နံနက်ခင်း၏ပြယုဂ်ဖြစ်သော နေရောင်ခြည်နွေးနွေးဖြာကျနေသောမနက်ခင်း၌ Jiminသည်အရင်နိုးနှင့်နေကာ Jeon၏ရင်ခွင်ထဲ၌ အညိမ်မနေပဲ Jeon၏ရင်ဘက်အားနမ်းလိုက် မေးစေ့အားမော့နမ်းလိုက် နှုတ်ခမ်းပါးအောက်မှ မှည့်နက်လေးအားမော့နမ်းလိုက်ဖြင့်တယောက်ထဲအလုပ်ရှုပ်နေသည်။Jeonသည်မိမိရင်ခွင်ထဲရှိလှုပ်စိလှုပ်စိဖြစ်နေသောလူသားလေးအားတင်းကျပ်စွာထွေးပွေ့လိုက်၍ပါးပြင်နုနုလေးအား သူ၏နှာခေါင်းလုံးလုံးကြီးကိုနစ်နေအောင်နမ်းလိုက်ပြီး

"ညစ်ပတ်နေတာပဲ"

ထိုအခါလှုပ်စိလှုပ်စိလေးကJeonအားချက်ချင်းပင်မော့ကြည့်ကာ

"ညစ်ပတ်အောင်ဘယ်သူလုပ်ထားတာလဲ!!"

Jeonကမျက်လုံးများဖွင့်ကြည့်လိုက်၍

"ပြောပါဦး ကိုယ့်ကလေးကိုညစ်ပတ်အောင်ဘယ်သူလုပ်ထားတာလဲ....."

JiminကJeon၏ရင်ခွင်ထဲတိုးဝင်ကာ

"ကိုကိုလုပ်ထားတာ....."

"ကိုကိုကဘယ်လိုလုပ်လိုက်လို့ ညစ်ပတ်သွားရတာလဲ......"

"တော်ပြီဗျာ! ဖယ်တော့ရေချိုးတော့မယ်........ ဒီနေ့ကုမ္ပဏီကိုလိုက်ခဲ့မယ်နော်"

JeonကJiminအားရင်ခွင်ထဲမှထုတ်လိုက်ကာ

"အာ....ဒီနေ့တော့လိုက်လို့မရဘူး....ကိုယ်ဒီနေ့သွားစရာရှိတယ်"

"ဘယ်သွားမှာလဲ......ဘယ်သူနဲ့လဲ"

"မီယာနဲ့....... ကိစ္စရှိလို့"

Jiminသည်Jeonကသူ့အားမပြောပြချင်မှန်းသိသည်မို့ ထပ်မမေးတော့ပဲ နေလိုက်သည်။ Jeonသည်မျက်နှာမကောင်းဖြစ်သွားသူလေးအား

"ထ....ကိုယ်သန့်ရှင်းရေးလုပ်ပေးမယ်"

"ရတယ်.....ကိုယ့်ဘာသာပဲလုပ်တော့မယ်"

ဟု​ပြောကာ ချွတ်ထား​​သောဘောင်းဘီအားပြန်ဝတ်၍ကုတင်ပေါ်မှကွတကွတနှင့်ဆင်းတော့Jeonက

"ဘာကိုကောက်တာလဲ Park Jimin!!"

JiminကJeonအားလှည့်ကြည့်ကာ

"ဘယ်မှာကောက်နေလို့လဲ!! လာရစ်မနေနဲ့ ငါလည်းသွားစရာရှိတယ်!!"

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now