Ep-15(uni+Zg)🖤🔞

7.2K 424 47
                                    

15

ညရောက်သည့်အချိန်တွင် ဧည့်ခန်းထဲရှိလေထုမှာ တိတ်ဆိတ်ကာအေးစက်နေလေသည်။Jiminကဆိုဖာပေါ်တွင် ​ခြေဆင်းထိုင်နေပြီးလက်ပိုက်ထားကာ မီယာ့အား မျက်တောင်မခတ်ကြည့်နေသည်။ မီယာကတော့Jiminအားအကြည့်လွှဲသည့်အနေဖြင့် ခေါင်းသာငုံ့ထားသည်။ ဆိုရာနှင့်ဟန်နာက Jiminထိုင်နေသောအနောက်တွင်မတ်တပ်ရပ်နေ၍ အဒေါ်ကြီးကတော့မီယာ့ဘေးတွင်ထိုင်နေသည်။ ထိုအချိန်တွင်ခြံထဲသို့ဝင်လာသောကားဟွန်းအသံကြောင့် Jimin၏ခန္ဓာကိုယ်လေးကဆက်ကနဲ မတ်သွားပြီးမျက်လုံးများကလည်းအရောင်လက်သွားသည်။ ထို့နောက်အခန်းထဲသို့ဝင်လာသောJeon.....

"မီယာ....."

"Jeon"

Jeonကမီယာ့အား စိတ်လှုပ်ရှားစွာဖက်လိုက်ပြီးမီယာကလည်းအလိုက်သင့်ပြန်၍ဖက်ထားသည်။ ထိုအခါ အဒေါ်ကြီးနှင့် ဆိုရာတို့ညီအမက Jiminအားကြည့်ကြတော့ Jiminကမျက်နှာကိုလွှဲနေလိုက်သည်။

"ကိုယ်အခုမှဦးလေးကြီးပြောမှသိတယ်.....မီယာရောက်နေတယ်ဆိုတာကို......လာမယ်ဆိုကြိုပြောပေါ့ ကိုယ်လာကြိုမှာပေါ့....."

"အင်း မီယာလည်းကိစ္စကအလျင်လိုနေတာနဲ့ မပြောဖြစ်ပဲထွက်လာလိုက်တာ"

လူဆိုးကောင်လေးက လျစ်လျူရှုခံထားရလို့ဝမ်းနည်းလာကာ အပေါ်ထပ်သို့ပြေးတတ်သွားသည်။ Jeonနှင့်မီယာကJiminအားမျက်စိတဆုံးလိုက်ကြည့်နေပြီး Jeonက

"သူက ကိုယ့်အမျိုးသားလေ......နည်းနည်းတော့ဆိုးတယ်....ပြီးတော့နားလည်ရလည်းခက်တယ်"

မီယာကပြုံးကာခေါင်းညိတ်ပြသည်။

"ဗိုက်ဆာနေပြီလား မီယာ......ကိုယ်ရေချိုးပြီးမှ ညစာစားကြမှာဆိုတော့....."

"ရတယ်....ရတယ်.....အေးဆေးလုပ်ပါ"

"ဒါဆို ခွင့်ပြုဦးနော်"

Jeonကအပေါ်ထပ်အခန်းထဲသို့ဝင်လာတော့ Jiminကကုတင်ပေါ်တွင် စောင်ကိုခေါင်းထိခြုံထားသည်။ Jeonက တချက်ကြည့်၍ ရေချိုးခန်းထဲသို့ဝင်ကာရေချိုးခြင်းအမှုအားဆောင်ရွက်သည်။ ရေချိုးပြီးပြန်ထွက်လာသည်အထိ သူ၏လူဆိုးကောင်က ထိုအတိုင်းပင်ရှိနေသေးသည်။ Jeonက ဆံပင်အားရေသုတ်နေရင်း ကုတင်ဘေးတွင်ဝင်ထိုင်၍

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now