Ep-21(uni+Zg)🖤🔞

7.8K 433 85
                                    

21

Jeonနှင့်အဆင်မပြေဖြစ်နေသည်မှာJiminအိမ်​ပြန်ရောက်ကတည်းဖြစ်သည်။JeonကJiminဘာလုပ်လုပ် အပြစ်သာပြော၍ မျက်နှာချင်းဆိုင်မိလျှင်လည်းအရင်ဆုံးမျက်နှာလွှဲသွားကာ Jiminအားလျစ်လျူရှုသည်။ Jiminသည်အိမ်မှာနေရတာပျင်းသောကြောင့် သူငယ်ချင်းသုံးယောက် လာနေကြဖြစ်သော ကလပ်၌ တယောက်ထဲရောက်နေခြင်းဖြစ်သည်။အမှောင်ဆုံးဝိုင်းတနေရာတွင် တယောက်ထဲထိုင်နေကာ အဖော်အနေနဲ့ကတော့ အရက်မျိုးစုံသာဖြစ်နေသည်။ ထိုသို့တယောက်ထဲထိုင်သောက်နေတဲ့အချိန် သူ၏စားပွဲဝိုင်းရှေ့တွင်မတ်တပ်လာရပ်သောလူတယောက်.........သောက်လက်စအရက်ခွက်အားစားပွဲပေါ်တင်၍မော့ကြည့်လိုက်တော့

"မတွေ့ရတာကြာပြီနော် Park Jimin"

Jiminထိုင်နေရာမှထ၍ ထိုလူ၏အင်္ကျီလည်ပင်းစအားလက်နှစ်ဖက်ဖြင့်ဆွဲ၍

"အတော်ပဲ မင်းကိုငါသတ်ချင်နေတာ Kim Minwoo!!"

Kim Minwooက ခေါင်းငုံလိုက်၍

"ဖြစ်ခဲ့တာတွေအတွက်ငါတောင်းပန်ပါတယ်....."

"မင်းတောင်းပန်ရုံနဲ့အရာအားလုံးအဆင်ပြေသွားမယ်များထင်နေတာလား!!"

"မထင်ပါဘူး......ငါ ငါလေ......ငါ့အဖေဆီကမျက်နှာလိုချင်လို့ ဒီလိုမျိုးလုပ်လိုက်တာပါ......ငါ့အဖေက ငါ့ကိုအသုံးမကျဘူးဆိုပြီး အမြဲနှိမ်နေတာနဲ့ မခံနိုင်ပဲ လုပ်ချင်ရာလုပ်မိသွားတာပါကွာ"

Jiminက Kim Minwoo၏အင်္ကျီစအားလွှတ်ပေး၍ခုံတွင်ပြန်ထိုင်လိုက်ပြီး

"ငါသိရသလောက်ကတော့ မင်းအဖေကမင်းအပေါ်ကောင်းပါတယ်"

ထိုအခါKim Minwooကပါ ခုံတွင်ဝင်ထိုင်လိုက်၍

"မင်းအမေတောင် မင်းကိုလူတွေရှေ့ရောက်ရင်ကောင်းကောင်းမွန်မွန် ဆက်ဆံသေးတာပဲ.......ငါ့ခံစားချက်ကို မင်းနားလည်မယ်လို့ထင်တယ်ကွာ......."

Jiminကသက်ပြင်းချ၍

"ပြီးခဲ့တာလည်းပြီးပြီဆိုတော့ ထားလိုက်ပါတော့ နောက်တခါဆိုရင်တော့မင်းအသေပဲ!! အခုပြောစရာမရှိဘူးဆိုရင်သွားတော့!!"

"မင်းနဲ့ငါ ငြိမ်းချမ်းရေးယူရအောင်ကွာ......ငါတို့ကဘဝချင်းနည်းနည်းတူတယ့်သူတွေမဟုတ်လား......"

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now