Ep-10(uni+Zg)🖤

5.1K 445 65
                                    

10

ညစာစားချိန်၌ Jeonသခင်မသည် စားပွဲ၏ထိပ်ဆုံးတွင်ထိုင်နေပြီး Jeonနှင့်Jiminကဘေးချင်းကပ်နေရာယူထိုင်ကြသည်။ Jeonသခင်မက

"မေမေက မနက်ဖြန် flightနဲ့ နယူးဇီလန်သွားစရာရှိတယ်......၁လလောက်တော့ကြာမယ် ဟိုဘက်ကရှယ်ယာရှင်တွေဘက်မှာ နည်းနည်းကတောက်ကဆဖြစ်နေလို့လေ......ပြီးတော့မရောက်တာလည်းကြာပြီဆိုတော့......."

Jeonကထမင်းစားနေရင်းခေါင်းတညိတ်ညိတ်ဖြင့်

"ဟုတ်ကဲ့.......အေးဆေးအနားယူပြီးမှပြန်လာလေ မေမေ.....တခုခုလိုရင်လည်း ကျနော့်ဆီဖုန်းဆက်လိုက်ပါ......."

Jeonသည်ပါးစပ်ကလည်းပြော လက်ကလည်း Jiminအားဟင်းများခပ်ထည့်ပေးနေသည်။ Jiminသည်Jeonထည့်ပေးသောဟင်းများအား တခုမကျန်အကုန်စားနေပြီး ပန်းကန်ထဲတွင်ဟင်းများကုန်သွားလျှင် ထမင်းအဖြူကိုသာစားနေ၍ Jeonမှာ အဆက်မပြတ်ဟိုဟင်းနည်းနည်း ဒီဟင်းနည်းနည်းထည့်ပေးနေရသည်။ ထိုမြင်ကွင်းကို Jeonသခင်မကပြုံးကာကြည့်နေပြီး

"Jimin.........သားစားချင်တာကိုဒေါ်ကြီးကိုဖြစ်ဖြစ် ဟန်နာနဲ့ဆိုရာကိုပဲဖြစ်ဖြစ်ပြောလို့ရတယ်နော်......."

Jiminကစားနေရင်းမှခေါင်းညိတ်ပြပြီး သူ၏ဘေးမှJeonအားကြည့်သောအခါ သူ့အားစိုက်ကြည့်နေသောကြောင့် မျက်စောင်းထိုးလိုက်ကာ ထမင်းဆက်စားနေလိုက်သည်။ Jeonသည်သူ့အား အချိန်ပြည့်မျက်စောင်းထိုးနေသော ကောင်လေးအား ကိုင်ပေါက်ချင်စိတ်တဖွားဖွားဖြစ်၍မနည်းထိန်းချုပ်ထားရသည်။

================================

ညစာစားပြီးချိန်၌ Jeonနှင့် Jeonသခင်မက ဧည့်ခန်းတွင်အလုပ်ကိစ္စများပြောနေကြပြီး အဒေါ်ကြီးနှင့်သူ့တူမတွေက ရုပ်ရှင်ထိုင်ကြည့်နေကြသည်။Jiminသည်လည်း ရုပ်ရှင်ကြည့်နေရင်းမှ အိပ်ချင်လာကာ တဝါးဝါးသန်းနေလေသည်။ Jeonသည် Jiminအား

"မင်းအိပ်ချင်ရင်သွားအိပ်တော့လေ......"

ထိုအခါJeonသခင်မကပါ

"အိပ်တော့လေ သားလေး.....မနက်ကလည်းပင်ပန်းထားတယ်မှတ်လား"

Jiminကခေါင်းညိတ်ပြပြီး

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now