Ep-5(uni+Zg)🖤

4.6K 393 19
                                    

5

နံနက်ခင်းအချိန်၌Jeonသည် ကုမ္ပဏီသို့သွားရန်ပြင်ဆင်ပြီးနောက် အောင်ထပ်သို့ဆင်းလာသောအခါ သူ၏မေမေက ထမင်းစားခန်းတွင် အသင့်ရှိနေလေပြီ ။ Jeonသခင်မက Jeonအားပြုံးပြကာ

"Morning Jungkookie"

"Morning ပါ မေမေ"

Jeonသည်ခုံတွင်နေရာယူထိုင်လိုက်သောအခါ အိမ်တော်ထိန်းဒေါ်ကြီးက ကော်ဖီနှင့်မုန့်ပြင်ဆင်ပေးသည်။ Jeonက ဒေါ်ကြီးအား

"ကျေးဇူးပါ"

ဒါကJeonရဲ့အကျင့် .......Jeonအိမ်တော်ကိုစရောက်လာတဲ့နေ့ကတည်းက စားခါနီးအချိန်တိုင်း သူ့အတွက်စားသောက်စရာပြင်ပေးတိုင်း ကျေးဇူးပါ ဟု ပြောတတ်သောအကျင့်လေးအား Jeonသခင်မရော အိမ်တော်ထိန်းဒေါ်ကြီး အပါအဝင် တခြားအိမ်အကူများပါ သဘောကျကြသည်။ Jeonသခင်မက

"အသစ်ထုတ်မယ့် cosmetic တွေရဲ့နမူနာရလာပြီလား သား"

Jeonသည်ကော်ဖီအားတငုံသောက်လိုက်ပြီး

"ရပြီ မေမေ ကျနော်စစ်ကြည့်နေတုန်းပဲ......ပြီးတာနဲ့မေမေ့ဆီ တင်ပြပေးပါမယ်......Board အဖွဲ့နဲ့အစည်းအဝေးကို ရက်ရွှေ့ချင်တယ်မေမေ မင်္ဂလာဆောင်နဲ့ ရက်ကပ်နေလို့......"

Jeonသခင်မက စဥ်းစားဟန်ဖြင့်

"သားကအစည်းအဝေးရက်ကိုအရှေ့ရွှေ့ချင်တာလား....."

"မဟုတ်ဘူးမေမေ......မင်္ဂလာဆောင်ကိစ္စပြီးမှ အေးအေးဆေးဆေးလုပ်ချင်လို့.....ပြီးတော့  အခုထုတ်မယ့် ပစ္စည်းတွေကိုလည်း Boardအဖွဲ့ရဲ့အကြံပေးချက်လိုချင်သေးတယ်.......ကျနော့်ရဲ့ပထမဆုံး ထုတ်ကုန်ဆိုတော့ မလွဲချင်လို့"

Jeonသခင်မကခေါင်းတဆတ်ဆတ်ညိတ်၍

"သားလုပ်နိုင်မှာပါ...... ဒါဆိုမေမေရှယ်ယာရှင်တွေကို အစည်းအဝေးရက်ရွှေ့တယ့်အကြောင်း အကြောင်းကြားထားလိုက်မယ်......ဪ ဒီနေ့နေ့လည်၃နာရီကြရင် Jiminနဲ့အတူ လက်စွပ်နဲ့ မင်္ဂလာဝတ်ဆုံ သွားကြည့်ကြနော်....... "

Jeonကစားလက်စမုန့်အား ပန်းကန်ထဲသို့ပြန်ထည့်လိုက်ပြီး

"သူနဲ့နှစ်ယောက်ထဲလား....."

"အင်းပေါ့........အခုကတည်းက တခါထဲရင်းနှီးအောင်လုပ်ထားရမယ်လေ ဘာပဲဖြစ်ဖြစ် သားက Jiminထက် အများကြီးအသက်ကြီးတာသိတယ်မလား Jiminကဆိုးတယ်ဆိုလည်း သားကပဲအလျှော့ပေးပြီးချော့ပြောရမယ်နော်....... "

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now