1.Tied

434 29 0
                                    

[Unicode]

နေဝင်သည်နှင့်အမျှ နေမင်းကြီး၏အလင်းရောင်သည် ရှေးကျပြီး ပျက်စီးနေတဲ့ ရွာရဲ့ နတ်ဘုရားကျုံးနောက်ကိုဝင်ရောက်ပျောက်ကွယ်သွားသည်။

ရုတ်တရက် , အော်သံတစ်ခုက ညနေခင်းရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းလာပြီး ညနေစာစားဖို့ပင်အချိန်မရှိသောရွာသားများမှာ ရွာထိပ်သို့ စုရုံးရန် ပြေးထွက်လာကြသည်။
တစ်စုံတစ်ခုဖြစ်နေခဲ့ရင် ကြီးကြီးမားမားဖြစ်တာသေချာနေခဲ့သည်။

ဘယ်သူ့အမေရဲ့ဇနီးကထွက်ပြေးသွားတာများလဲ? ဒါမှမဟုတ် ဘယ်သူကများ တောင်ပေါ်မှာ တောဝက်ကို အမဲလိုက်သွားဖို့ဆိုပြီး လူလာခေါ်တာများလား? ဒါမှမဟုတ် အစိုးရရုံးကလူတွေက လူတွေကိုကျွန်အဖြစ် ဆွဲထုတ်ဖို့လာခေါ်တာများလား?

ရွာသားများမှာ တုန်လှုပ်ခြောက်ခြားသော ခံစားချက်များဖြင့် ရွာအဝင်ဝသို့သွားရောက်လျှင် နှစ်အတော်ကြာတည်းက သေသွားသည့် ညောင်ပင်အောက်ရှိ သစ်ပင်တစ်ပင်တွင် ကြိုးတုပ်ခံထားရသော ယောက်ျားတစ်ယောက်နှင့် ရုပ်ရည်ချောမောသော အမျိုးသမီးတစ်ဦးကိုတွေ့လိုက်လေသည်။

စုတ်ပြဲနေတဲ့အဝတ်အစားတွေနဲ့ ဆံပင်တွေရှုပ်ပွနေကြောင့် လူကြီးမှာရုတ်တရက်နားမလည်နိုင်ဖြစ်သွားသည်။

လူအုပ်ကြီးဟာလည်း ရုတ်တရက်ဆိုသလို ကျွက်ကျွက်ညံလာလေသည်။

" အဲ့တာ လွန်ခဲ့တဲ့ရက်ကပဲ ဝယ်လာခဲ့တဲ့ လီကျားသာ့လန်ရဲ့ မိန်းမ မဟုတ်ဘူးလား? ဘယ်လိုဖြစ်ပြီးချည်ခံထားရတာတုန်း? " ကြိုးချည်ခံထားရသည့်အမျိုးသမီးကို ရုတ်တရက်မှတ်မိသွားသည့် လူက ဝင်ပြောလာခဲ့သည်။

" မင်းမသိဘူးလား! အဲ့မိထွေးက ပြီးခဲ့တဲ့ညက စားသောက်ပြီးတဲ့ချိန်လောက် ထွက်ပြေးသွားတာလေ၊ အနီးအနားရွာကနေ တစ်ယောက်ယောက်က ပြန်ဖမ်းမိလာတာ "

" အိုး၊ ဒီမိန်းမကတော့ တကယ်ကို သေခြင်းရှာနေတာပဲ! "

" မဟုတ်ဘူးလို့ဘယ်သူပြောနိုင်မှာလဲ ၊ ငါတို့ကဒီမှာဆင်းရဲတယ် ဆိုပေမဲ့ မင်းရောက်လာတည်းက မင်းဘဝကိုလက်ခံရတော့မှာပဲလေ။ မင်းထွက်ပြေးလို့ရပါအုံးမလား? ပြီးခဲ့တဲ့နှစ်က ဝူစန်းကျားဝယ်လာတဲ့မိန်းကလေးလည်း ညသန်းခေါင်ကြီးထွက်ပြေးသွားတာ ၊ အပြင်မရောက်ခင်ဘဲဖမ်းခံလိုက်ရတယ်လေ။ ဝူမိသားစုက ဝူညီအစ်ကိုတွေ ကြိုးပေးပစ်လိုက်ပြီးတော့ အသက်ရှူကျပ်ချင်စရာကောင်းလောက်အောင် ကောင်းကင်ကြီးကမကြည်မလင်တွေဖြစ်လာတာလေ " ( TN- ထွက်ပြေးသွားတဲ့မိန်းကလေးကို ကြိုးပေးသတ်ပစ်လိုက်တာထင်ပါတယ်)

ကံကောင်းသော ဇနီးသည်Where stories live. Discover now