7.Write

163 22 0
                                    

[Unicode]

ကုတင်ပေါ်က မာတောင့်နေတဲ့အိပ်ရာနဲ့ အနံ့ဆိုးထွက်နေတဲ့စောင်ပဲရှိတယ်ဆိုပေမဲ့ လီမန်က လှဲချလိုက်တုန်းပဲ။ သူမမှာ အိပ်မက်တောင်မမက်နိုင်တော့ဘဲ ပင်ပန်းကြီးစွာအိပ်ပျော်သွားတော့သည်။

သူမနိုးလာသည့်အချိန်မှာတော့ သုံးရက်မြောက်နေ့တောင်ရောက်နေပြီ။ နွေးထွေးတဲ့ နေရောင်ခြည်က သစ်သားပြတင်းပေါက်ငယ်လေးမှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်ဖြာကျနေသည်။

သူမက ထထိုင်လိုက်ပြီး တစ်အိမ်လုံးသို့လှည့်ပတ်ကြည့်ပြီးနောက် အနည်းငယ်ပင်ရှက်ရွံ့မိသွား၏။

သူမရဲ့ မှတ်ဉာဏ်တွေကဖရိုဖရဲနိုင်စွာ နှေးကွေးနေပြီး သူမမှတ်မိသလောက်ဆို ဆေးရုံရဲ့ဝင်ပေါက်ဝမှာ သူမယောက္ခမက ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်လေးကိုတွဲခေါ်လာရင်း သူမနဲ့ဝင်တိုက်မိခဲ့တာဖြစ်သည်။

သူမခင်ပွန်းဖြစ်သူက တခြားအမျိုးသမီးတစ်ဦးကို တွဲကူထားတာကိုမြင်ခဲ့ရပြီး သူမမှာမေးခွန်းထုတ်ချိန်​လေးတောင်မရှိခဲ့ပေ။

ယောက္ခမဖြစ်သူကလည်း သူမကိုကော သူမကိုလက်ထပ်ခဲ့တာကြောင့်ပါ အော်ဟစ်သောင်းကျန်းနေခဲ့တာဖြစ်သည်။

သူမက ခင်ပွန်းဖြစ်သူရဲ့ပျော်ရွှင်မှုကို ဟန့်တားနေတဲ့ ဥမဥနိုင်တဲ့ကြက်မတစ်ကောင်လို့ ဒေါသတကြီးအော်ဟစ်ပြီး ဆေးရုံဝင်ပေါက်လမ်းစုံကြီးမှာတင် သူမကို ကားလမ်းမပေါ်တွန်းချခဲ့တာဖြစ်၏။

လီမန်က သူမမှတ်ဉာဏ်ထဲက ရက်စက်တဲ့သေဆုံးခြင်းကြောင့် ခေါင်းကို ခပ်ကြမ်းကြမ်းခါပစ်လိုက်သည်။ ဒါတွေကိုသူမထပ်မတွေးချင်တော့ပါ။ သူမ ဘဝကူးပြောင်းလာပြီး ဘဝသစ်ရနေပြီဆိုတာလည်းသူမသိသည်။ ဒီတော့ဘဝကိုဘာလို့များအစကပြန်မစရမှာလဲ။

သူမသတိဝင်သွားတာနဲ့ လီမန်က အိပ်ရာထဲကထွက်လာပြီး ဗီရိုကြီးကိုဖွင့်လိုက်လျှင် အမျိုးသမီးအဝတ်အစားများကို ရှင်းရှင်းလင်းလင်းတွေ့လိုက်လေသည်။

မနေ့က ဟိုတစ်ယောက်က သတိလက်လွတ်နဲ့ မှားသွားတာဖြစ်နိုင်သည်။

ကံကောင်းသော ဇနီးသည်Where stories live. Discover now