3. ComeBack Home

220 20 0
                                    

[Unicode]

ညလေညှင်းမှာ မထီမဲ့မြင်ပြုနေသည့်နှယ် တိုက်ခတ်နေပြီး လီမန်ကတော့ ထိုစိတ်ပျက်အားငယ်စရာကိစ္စမှ တဖြေးဖြေးချင်းတည်ငြိမ်သွား၏။ ကောင်းကင်ကြီးမှာ တဖြေးဖြေးမှောင်လာသည်။ သူမက သူမကိုသယ်ဆောင်ထားသည့် ယောက်ျားကိုမော့ကြည့်လိုက်သည်။ သူကရှေ့တည့်တည့်ကိုသာကြည့်နေတာကြောင့် သူ့မအမြင်ကနေဆို သူ့ရဲ့မေးဖျားကိုသာမြင်နေရသည်။ ထူထဲတဲ့နှုတ်ခမ်းတွေကိုလည်းမြင်နေရ၏။ ဒါပေမဲ့ ဒီလူ့အရပ်ကရှည်ပြီး ဒီလူကတောင်ကြီးတစ်တောင်လို သန်မာထွားကျိုင်းကြောင်း သူမခံစားမိနေသည်။ ဒီလူမှာ ယောက်ျားပီသပြီး သူ့ရဲ့ သန်မာကြံ့ခိုင်သောလက်မောင်းတွေကြားထဲ သူမကိုသယ်ထားခဲ့သည်။ ဒါကသူမကိုစိတ်မသက်မသာဖြစ်စေသော်လည်း တစ်ချက်မျှမလှုပ်ဝံ့ပါချေ။

သူကဘယ်သူလဲ ၊ သူမနဲ့သူ့ကြားကဆက်ဆံရေးကဘာလဲ၊ သူကဘာကြောင့် သူမကိုအဲ့ဒီအခြေအနေကကယ်ထုတ်ခဲ့တာလဲ။

လီမန်က သူမနှုတ်ခမ်းတွေကိုလှုပ်လိုက်ပြီး မေးခွန်းတွေမေးချင်သော်လည်း သူမသည် ယခင်ကလည်း စကားအများကြီးပြောဖူးပြီး သူမစကားကိုတစ်ယောက်ကမှနားမလည်ခဲ့ပေ။ သူမစိတ်ဓာတ်ပင်ကျသွားတော့သည်။

ခြင်တစ်ကောင်လိုပေါ့ပါး တိုးညှင်းလှသည့် စိတ်ပျက်လက်ပျက် သက်ပြင်းချသံဆိုပေမဲ့လို့ လီမိုကြားလိုက်ရသည်။ လီမိုကခေါင်းကိုငုံချလိုက်ကာ သူမမျက်နှာကိုမမြင်ရပေမယ့်လို့ သူမစိတ်အနေအထား အမျိုးမျိုးပြောင်းလဲနေတာကိုတော့မြင်နိုင်သေးသည်။

" တကယ်လို့ မနက်ဖြန်အထိ မင်းမနေချင်ဘူးဆိုရင် မင်းကိုပြန်လွှတ်ပေးမယ် "

လီမန့်နှလုံးမှာတင်းကျပ်သွားပြီး သူ့အကြည့်တွေကိုရှောင်ချင်သော်လည်း သူနဲ့ဆက်သွယ်ပြောဆိုခွင့်ကိုလည်း မစွန့်လွှတ်ချင်ပေ။ သူကသတိကြီးကြီးနဲ့မေးလိုက်၏။ " ရှင် ဘာပြောလိုက်တာလဲ? " သူမရဲ့ ရှင်းလင်းတဲ့ မန်ဒရင်းစကားကပင် ဒီထပ်ပိုမရှင်းနိုင်တော့ပေ။

Li Momeifeng ရဲ့မျက်နှာမှာရှုံ့တွသွားပြီး သံသယစိတ်ကြောင့် မျက်စိကွယ်သွားသလိုပင်။ (AN/Li Mo ရဲ့နာမည်ပဲထင်ပါတယ်)

ကံကောင်းသော ဇနီးသည်Where stories live. Discover now