4. Leave

201 21 0
                                    

[Unicode]

" စီစဥ်ပြီးသွားပြီ။ မနက်ဖြန်မနက်သူမကို တောင်အပြင်ဘက်ကိုပြန်သွားပို့မယ် "
လီမိုက စကားကိုရပ်လိုက်ပြီးတာနဲ့ ရေနွေးအိုးထဲကရေဆူ,မဆူကိုကြည့်လိုက်ကာ ရေနွေးထည့်ဖို့ပုံးကိုယူလိုက်သည်။

လီရှူက စိတ်ပူပန်မှုများစွာဖြင့် အိမ်တိုင်ကိုဖက်လိုက်ကာ
" ကိုကြီး ကျွန်တော်မိန်းမလိုချင်တယ်လို့ "

လီမိုက ခေါင်းကိုလှည့်ကာ ညီအကိုသုံးယောက်ထဲက သူတို့ထက်အရပ်နည်းနည်းပိုမြင့်တဲ့ ညီငယ်လေးကိုကြည့်လိုက်သည်။
သူတို့အပြစ်တင်ချင်လျှင် သူတို့ကိုယ်တိုင်လည်းခံနိုင်ရည်ရှိရမည်ဖြစ်သည်။

" ညီအကိုယုံးယောက်လုံး စိတ်ပူမနေနဲ့! အကိုကြီးကပိုက်ဆံဖြုန်းမိသွားတယ် နောက်ရက်တွေကျ တောင်ပေါ်သွားပြီးရင် ပိုကောင်းလာမှာပါ၊ "

" မရဘူး အိမ်ထဲကတစ်ယောက်ကိုပဲလိုချင်တယ် "
လီကခေါင်းမာမာဖြင့်ပြောလာ၏။

လီမို့မျက်နှာက သိပ်မကောင်းတော့ပေ။
" မရဘူး! "

" ဘာလို့မရတာလဲ! "
အကိုအကြီးဆုံးက ပျော့ညံ့လွန်းသည်ဟု လီရှုကထင်သည်။ ပြီးတော့ သူတို့ကအဲ့မိန်းမကိုဝယ်ဖို့ နှစ်ပေါင်းများစွာစုထားတဲ့ပိုက်ဆံကိုသုံးခဲ့တာဖြစ်သည်။

" ညီအကိုတို့! " လီယန်က ညီအငယ်ဆုံးလေး ထပ်ပြီး စိုးရိမ်မှာကိုကြောက်တာဖြစ်သည်။ အဲ့အစား သူကကိစ္စတွေကိုဒီထပ်ပိုဆိုးလာအောင်လုပ်နေ၏။

သူက လီရှူကို ထောင့်နားသို့ဆွဲခေါ်လိုက်ပြီး သူ့အကိုကြီးကိုလှည့်ပြောလိုက်သည်။

" အကြီးဆုံးအကို၊ ဒီကိစ္စကိုထပ်တွေးပြီးမှ ဆွေးနွေးရအောင် အကိုကြီးသိတဲ့အတိုင်း ညီလေး ၄ ကဒီရက်ပိုင်းပြန်လာအုံးမှာမဟုတ်ဘူး ၊ သူပြန်လာမှဆုံးဖြတ်ချက်ချလည်း သိပ်နောက်မကျသေးပါဘူး၊ ညီလေး၄က စာသင်သားမို့ အနာဂတ်ကောင်းရှိလာမှာပဲ။ အဲ့မိန်းမကငါတို့ကို မကြည့်ဘူး၊ငါတို့အိမ်ကိုမကြည့်ဘူးဆိုရင် စတုတ္ထညီပြန်လာရင်အကိုကြီးမြင်ရမှာမဟုတ်လား? "

လီမိုက ညီအကိုလေးယောက်ရဲ့ နူးညံ့သိမ်မွေ့တဲ့အသွင်အပြင်ကိုတွေးမိတဲ့အခါ တုန်လှုပ်သွားသည်။

ကံကောင်းသော ဇနီးသည်Where stories live. Discover now