17.

302 20 2
                                    

[Unicode]

လီမန်က ဒီကောင်လေးက သူမကိုဂရုစိုက်ပေးတယ်ဆိုတာက သူကသူမအကိုဖြစ်တာကြောင့်လို့တွေးမိပြီး ရုတ်တရက်ရယ်လိုက်သည်။

အဲ့ဒီ့ ရယ်သံလေးကြောင့် တံခါးဝမှလူတချို့က တုန်လှုပ်သွားကြ၏။

" အကိုကြီး! ညစာစားချိန်ရောက်နေပြီ "

လီဟွာရှင်းက လီမန်ရဲ့လက်ကိုကိုင်ကာ တံခါးဆီသို့လျှောက်လာပြီး တံခါးဝရှေ့တည့်တည့်ရှိ မတုန်မလှုပ်ကျောက်ရုပ်ဖြစ်နေသော *တံခါးစောင့်နတ်နှစ်ပါးကို တိုးတိုးလေးပြောလိုက်သည်။

" အို့...! " လီမော့က အိမ်ထဲသို့ အလျင်စလိုဖြင့်ဝင်သွာယသည်။

လီယန်က အမြန်ပင် တံခါးဘောင်ကိုမှီလိုက်ပြီး စတုတ္ထညီနားနားသို့ အလျင်အမြန်ကပ်လာကာ စကားငါးလုံးကိုပြောလိုက်သည်။

" မလွှတ်သေးဘူးလား " (*တကယ်တော့သူရေးထားတာ four words လေးလုံးပါ မြန်မာမှုပြုပြီး ငါးလုံးလိုက်ပါတယ် )

လီက အပြုံးတစ်ခုကိုချိတ်ဆွဲထားပေမဲ့ သူ့လက်​တွေက သတိမထားမိလိုက်ခင်မှာပဲ လီမန့်ရဲ့လက်တွေကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း မီးဖိုချောင်ထဲသို့ တိုက်ရိုက်ဆွဲခေါ်သွားခဲ့သည်။

သူကသူမကို ခွေးခြေခုံလေးမှာထိုင်စေလိုက်ပြီးနောက် အစားအသောက်တွေနားသို့သွားလိုက်သည်။

ညစာက အလွန်ရိုးရှင်းလှသည်။ လီမန်က ရစ်ငှက်ကိုပြုတ်လိုက်ပြီး ထမင်းအိုးကြီးတစ်အိုးစာ ချက်ထားတာဖြစ်သည်။

အိုးထဲမှာ ဆန်လုံးဖြူတွေနဲ့သာပြည့်နေတာကိုမြင်ရသည်။ ဆန်ဖြူတွေကစျေးကြီးလွန်းတယ်ဆိုတာကို လီဟွာရှင်းကသိသည်။

သူတို့မိသားစုက ဇန်နဝါရီတစ်လလုံးမှာတောင် တစ်ခါတလောက်လေးစားချင်ရင်တောင် မစားနိုင်ခဲ့ပေ။ မျာသောအားဖြင့်ဒါတွေကို ယာဂုချက်ဖို့သာအသုံးပြုဖြစ်သည်။

လီမော့က ဒီညအတွက်တော့ ထမင်းချက်ထားတယ်ဆိုတာ သိပြီးဖြစ်သည်။ သူကသူ့ညီအကိုလေးယောက်ကိုကြည့်လိုက်ပြီး သိမ်မွေ့စွာပြုံးလိုက်၏။

You've reached the end of published parts.

⏰ Last updated: Apr 02 ⏰

Add this story to your Library to get notified about new parts!

ကံကောင်းသော ဇနီးသည်Where stories live. Discover now