6. a poor one

181 16 1
                                    

[Unicode]

လီမန်လီက ရေချိုးပြီးတဲ့နောက် သူ့အဝတ်အစားတွေကို ယူပြီးကြည့်လိုက်သည်။ ယောက်ျားအဝတ်အစားတွေ? ပြီးတော့အရမ်းလည်းကြီးနေတယ်? သူမမှာ ကိုယ်ပိုင်အဝတ်အစားမရှိဘူးလား? ဒါမှမဟုတ် သူမကဒီမိသားစုကမဟုတ်တာလား? 

" ဟေး! "

တံခါးခေါက်သံထွက်လာပြီးနောက် လီယန်ရဲ့ငြင်သာတဲ့အသံက တံခါးတစ်ဖက်ကနေထွက်လာသည်။

" ရေချိုးပြီးပြီးးလား? ညစာအဆင်သင့်ဖြစ်နေပြီ "

လီမန်က ထိတ်လန့်တကြားဖြင့် တခြားဟာတွေတွေးတောနေဖို့ နောက်ကျနေပြီမို့ အဝတ်အစားတွေကိုကောက်ကိုင်ကာ တံခါးဆီသို့ပြေးသွားလိုက်ပြီး တစ်ဖက်ကနေတွန်းထားလိုက်သည်။ တံခါးကို အပြင်တစ်ဖက်ကနေ တွန်းဝင်လာမှာစိုးရိမ်လို့ဖြစ်သည်။

အထဲကဘာအသံကိုမှမကြားရတော့ပေ။ လီယန်ကတံခါးကိုငြင်သာစွာတွန်းလိုက်သော်လည်း ဖွင့်မရပါချေ။ တံခါးကိုအတွင်းကနေ ချက်ချထားသည်မှာထင်ရှားသည်။

" ရေချိုးပြီးရင် တံခါးဖွင့်ထားလိုက်။ ရှောင်းဝူကို ညစာပို့ဖို့လွှတ်လိုက်မယ် "

ထိုသို့ပြောပြီးနောက် သူက ရယ်မောကာဖြင့်လှည့်ထွက်သွားတော့သည်။ တကယ်တော့ အဲ့ဒီ ပါးလွှတဲ့ချက်နဲ့ သူမဘာလုပ်နိုင်မလဲဆိုတာသိချင်တာဖြစ်သည်။

လီမန်က သူမခြေတိုလေးများဖြင့်အဝေးကိုလျှောက်သွားပြီး အဝတ်ဝတ်ရင်းဖြင့်အလုပ်ရှုပ်နေခဲ့သည်။ ဝတ်စုံကဘယ်လိုပုံစံပဲရှိနေပါစေ သူမဝတ်ပြီးသွားတဲ့အခါမှာတော့ အလွန်တရာမှရယ်စရာကောင်းနေခဲ့သည်။

အပေါ်အင်္ကျီက သူမနှစ်ယောက်လောက်ဝတ်လို့ရလောက်ပြီး ခါးနားမှာမရှိပေ။ သူမက ခါးနားကတစ်ဖက်ကိုဖိထားပြီး အဆင်မပြေတဲ့ပုံပေါက်နေတဲ့အပြင် ကော်လာက ပြန်ထောင်လာပြန်တယ်။ ဘောင်းဘီကပိုစိတ်တိုစရာကောင်းစွာဖြင့် ရှည်ပြီးစုတ်ပြဲနေသည်။ နောက်ဆုံးမှာ ခြေချင်းဝတ်နားကိုလိပ်တင်လိုက်ပေမဲ့ ဘောင်းဘီကကြီးလွန်းတော့ လေဝင်လာသလိုခံစားရလေသည်။

ဒါကြီးကမပြီးနိုင်တော့ဘူး။

သူမစိတ်ညစ်လာသည်။ နောက်ပြီးတံခါးခေါက်သံကလည်းထပ်ထွက်လာပြန်၏။ ဒီတစ်ခါတော့ ကလေးတစ်ယောက်အသံဖြစ်၏။

ကံကောင်းသော ဇနီးသည်Opowieści tętniące życiem. Odkryj je teraz