16.

164 16 0
                                    

[Unicode]

" အမ, ဘာတွေကြည့်နေတာလဲ? "

လီရှောင်းဝူက လီမန်ရဲ့ဘေးနားမှာ ထိုင်ချလိုက်ပြီး လှမ်းကြည့်လိုက်သည်။ တံခါးဝမှာ စတုတ္ထအကိုကလွဲပြီး ဘယ်သူမှမရှိပေ။

လီမန်သည် စိတ်ပြန်လည်လာပြီး တိတ်တိတ်လေးရယ်မိသွား၏။

ဆယ်နှစ်ကျော်ကြာပြီးနောက် ထိုအိမ်ထောင်သက်ဆယ်နှစ်စာအတွက် အမှတ်တရများကို လျစ်လျူရှူနိုင်ခဲ့သည်မှာကြာပြီဖြစ်သည်။
ထိုအမှတ်တရတွေကို ရှင်းရှင်းလင်းလင်းတောင်မမှတ်မိတော့ပေ။

" မင်းအကိုတွေဘာလို့ပြန်မလာကြသေးတာလဲ, သူတို့ညစာစားဖို့ခေါ်လိုက်အုံး "

လီမန်က ရှောင်းဝူကို စားသောက်တဲ့လက်ဟန်ခြေဟန်အမူအရာကို လုပ်ပြလိုက်သည်။ ရုတ်တရက်, သူမဦးနှောက်ထဲအတွေးတစ်ခုလက်သွားပြီး ရှောင်းဝူကိုထားခဲ့လိုက်ကာ အပူတပြင်းနဲ့ အပြင်ကိုပြေးထွက်သွားပြီး လီရဲ့လက်တွေကိုဆွဲခေါ်သွားသည်။

ပန်းချီကားတစ်ချပ်လို လှတဲ့လက်လေးက သူ့ကိုမက်မွန်အောက်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။

လီဟွာရှင်းသည် သူမထိုသို့လုပ်လိုက်တာကြောင့် အံ့သြသွားခဲ့သည်။ သို့သော်လည်း လီမန်က သူ့ကိုဘာမှမပြောဘဲ မက်မွန်ကိုင်းတစ်ပိုင်းကိုချိုးချလိုက်တာကို တွေ့လိုက်သည်။

သူမက ကိုယ်ကိုကိုင်းညွတ်လိုက်ပြီးနောက် မြေကြီးပေါ်မှာ စာကြောင်းတစ်ကြောင်းကို အလျင်အမြန်ချရေးလိုက်၏။

" ကျွန်မက ဘယ်သူလဲ? "

" မင်းစာရေးတတ်တယ်? "
လီမန်က ပြန်မဖြေဘဲနဲ့ သစ်ကိုင်းကို ဆွဲယူလိုက်ပြီး သံသယတွေနဲ့ပြည့်နေတဲ့စာတစ်ကြောင်းကို ချရေးလိုက်သည်။

ဘာရယ်? အရင်တုန်းက လူတွေကစာမရေးကြလို့လား? သူမတစ်ယောက်တည်း စာဖတ်တတ်တာလား?

လီမန်က သစ်ကိုင်းကိုပြန်ယူလိုက်ရင်း မြေကြီးပေါ်တွင် စာနှစ်ကြောင်းကိုချရေးကာ အလုပ်ရှုပ်နေပြန်သည်။

" မသိဘူး, ကျွန်မ ဘာကိုမှမမှတ်မိဘူး "

လီဟွာရှင်းက စာကြောင်းနှစ်ကြောင်းကို ငုံ့ကြည့်နေပြီး ပြန်မဖြေပေ။

ကံကောင်းသော ဇနီးသည်Wo Geschichten leben. Entdecke jetzt