11.

165 17 0
                                    

[Unicode]

မီးဖိုချောင်က သိပ်မကြီးပေ။
အရပ်မြင့်မြင့်နဲ့လူနှစ်ယောက်သာ ဖျစ်ညှစ်ပြီးဝင်လာလိုက်ပါက နေရာတစ်ခုလုံးကိုပြည့်ကျပ်သွားမှာဖြစ်၏။

လီရှောင်းဝူနဲ့ သူ့တတိယအကိုတို့က မီးဖိုချောင်ထဲမှာ ပြဿနာရှာနေတာကြောင့် လီမန်မှာ အိုးနောက်နားသို့ အတင်း ဖျစ်ညှစ်ခံထားရသလိုဖြစ်နေကာ မျက်နှာချင်းဆိုင်ဘက်ကိုတောင်လှည့်ယူလို့မရပေ။

အဲ့တာကိုလီယန်က​မြင်တဲ့အခါ သူ့ညီငယ်နှစ်ယောက်ကို ဆွဲထုတ်လိုက်ပြီး စဥ်းတီတုံးပေါ်ကငါးတွေကို ခုတ်ဖို့လက်ညှိုးထိုးပြလိုက်၏။

သူကပြုံးလိုက်ရင်း လီမန့်ကိုပြောလိုက်သည်။

" မင်းအတွက်ခက်ခဲစေမိပြီ "

နေ့လယ်စာအတွက် ငါးချက်ရမလား?
ဒါပေမဲ့ သူမက ခေါက်ဆွဲချက်ဖို့လုပ်ထားတာဖြစ်သည်။

" ရှောင်းဝူ, မင်းမီးမွှေးဖို့လုပ်ပေးလိုက်! "

လီယန်​က ညီငယ်လေးကိုပြောလိုက်ပြီးနောက် ကျန်တဲ့ညီတစ်ယောက်ကို ဆွဲထုတ်သွားလေတော့သည်။

ကျန်တဲ့ညီအကိုတွေထွက်သွားပြီးနောက် လီရှောင်းဝူတစ်ယောက်တည်းသာကျန်ခဲ့သည်။

" အစ်မ, ကျွန်တော်အစ်မကို မီးမွှေးကူပေးမယ် "

လီမန်က သူ့ကိုခိုးကြောင်ခိုးဝှက်နဲ့ကြည့်လိုက်သည်။ သူမဒီကောင်လေးရဲ့စကားကိုများ တလွဲတွေလုပ်မိသွားလို့လား ၊ ဒါမှမဟုတ် သူလိမ်များသွားတာလား?

* i think သူက လီယန်ပြောတာကိုတွေးနေတာထင်တယ် အချိတ်အဆက်ကလွဲနေတာ TvT

အစကတော့ နေ့လယ်စာက လူနှစ်ယောက်အတွက်ပဲ ပြင်ထားခဲ့တာဖြစ်သည်။
အခုတော့ လူသုံးယောက်ထပ်ပိုလာပြီဖြစ်၏။

ခေါက်ဆွဲချည်းပဲချက်ဖို့က အဆင်မပြေတော့ပေ။ ဒါပေမဲ့နယ်ပြီးသားဂျုံတွေကရနေပြီမို့လို့ ဒီနေ့ နေ့လယ်မှမစားဖြစ်ရင် အလဟဿဖြစ်သွားမှာပင်။

လီမန်က အဲ့တာကို စဥ်းစားပြီးတဲ့နောက် ထမင်းကိုအိုးတစ်ဝက်လောက် ပေါင်းဖို့လုပ်လိုက်သည်။ ဒါက ပေါက်စီတွေပေါင်းလိုက်ဖို့လည်း နည်းလမ်းကောင်းပင်ဖြစ်၏။

ကံကောင်းသော ဇနီးသည်Where stories live. Discover now